မန်ချက်စတာ ဒါဘီပွဲ အပြီး စိတ်ပျ-က်စရာ ကောင်းတဲ့ ကိစ္စတွေကို ထုတ်ဖော်လာတဲ့ သရဲနီဟောင်းကြီး နဗီး

သရဲနီဟောင်းကြီး ဂယ်ရီ နဗီးကတော့ ယူနိုက်တက်ရဲ့ မန်စီးတီးနဲ့ သရေကျခဲ့တဲ့ ပွဲ ပြီးနောက် မန်ချက်စတာ ဒါဘီပွဲစဉ်အတွင်း ချဉ်းကပ်ပုံက လက်မခံနိုင်စရာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာဒါဘီဟာ ရာသီရဲ့ လူစိတ်ဝင်စားမှုအများဆုံးပွဲစဉ်‌တွေထဲကတပွဲဖြစ်ပြီး တနင်္ဂနွေနေ့ညမှာ ဂိုးမရှိသရေနဲ့ ပျင်းရိဖွယ်အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

Sky sport ပူးတွဲစီစဉ်တင်ဆက်သူ ဂယ်ရီ နဗီးက မန်ချက်စတာဒါဘီပွဲဟာ စိတ်ဖိစီးစရာဖြစ်ပြီး ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲရဲ့ စက်ရုပ်ဆန်တဲ့ ပုံစံက ပိုဆိုးလာနေပြီဆိုတာကို ပြသခဲ့တာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။

သရဲနီဂန္တဝင်က အိုနာနာရဲ့ ဘောလုံးကို မရဲတရဲ ချဉ်းကပ်မှုဟာ သူ့ရဲ့စိတ်ထဲ ဘယ်လိုခံစားနေရလဲဆိုတာကို ပြသခဲ့တာဖြစ်ပြီး အဲဒီလိုချဉ်းကပ်မှုမျိုးဟာဒီလိုပွဲမျိုးမှာလုပ်ရမဲ့အရာမဟုတ်ဘူးလို့ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ပွဲအပြီးမှာ ၂ သင်းစလုံးထဲက ဘယ်ကစားသမားမှ စိတ်ပျက်လက်ပျက်နဲ့ ကွင်းထဲကထွက်ခွာသွားခဲ့တယ်လို့ကျွန်တော်မထင်ပါဘူး။ အဲဒါက စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ အဲဒါက ကျွန်တော်ကိုစိတ်ပျက်သွားစေခဲ့တယ်။

ပွဲ စီစဉ်တင်ဆက်ရတာလည်း ပျင်းစရာကောင်းတယ်လို့ ကျွန်တော်ထင်ခဲ့ပါတယ်။ ဒီလိုမျိုးအရဲစွန့်ပြီး နိုင်ပွဲရဖို့ကြိုးစားတာမျိုးမရှိဘဲ စက်ရုပ်ဆန်တဲ့ပုံစံက ကျနော်တို့ ပွဲစီစဉ်တင်ဆက်သူတွေနေရာမှာ ရှိလာမှာမဟုတ်ပါဘူး။ အဲဒါကပွဲစဉ်အတွင်းမှာ နာမကျန်းမှုဖြစ်လာပါတယ်။

ပွဲစဉ်အတွင်းမှာ ရောဂါတစ်ခုလိုဖြစ်လာပါတယ်။ ယူနိုက်တက် ဂိုးသမားက ဘောလုံးကို လှိမ့်ရင်းလှိမ့်ရင်း ဘာဖြစ်လာမလဲဆိုတာကို စောင့်နေတယ်။ ဒါမျိုးမဖြစ်ရဘူး။

ဒီအသင်းကဒါမျိုးလုပ်တဲ့အသင်းမျိုးမဟုတ်ဘူး။ ဒီလိုပွဲမျိုးမှာကျွန်တော်တို့လုပ်ရမှာဒါမဟုတ်ဘူး။ လီဗာပူးဆိုရင်ဒါမျိုးမလုပ်ဘူး။ ထိပ်တန်းအသင်းဖြစ်ဖို့ဆိုရင် ကစားပုံမှာ တန်ပိုရှိရတယ်။ စည်းချက်ညီရတယ်။ ဘောလုံးကို လျင်လျင်မြန်မြန်ရွေ့လျားနေအောင်လုပ်ရတယ်။

ဒီနေ့ပွဲကကျွန်တော်အတွက်တော့တကယ်စိတ်ညစ်စရာပါပဲ။ ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလိုပွဲမျိုးအများကြီးမြင်တွေ့ခဲ့ပြီးပြီမို့လို့ပါ။ ပရီးမီးယားလိဂ်က စိတ်လှုပ်ရှားစရာကောင်းနေရမယ်။ ရင်ခုန်စရာကောင်းရမယ်။ စွန့်စားမှုမျိုးတွေရှိရမယ်။ ဒီပွဲမှာအဲဒီလိုမျိုးဘာမှမရှိဘူး။ အဲဒီတော့ဒါကကောင်းသင့်သလောက် မကောင်းဘူး။ “လို့ပြောကြားခဲ့ပါတယ်။