ရက်ကလစ်ဖို့ အဖွဲ့က ယူနိုက်တက်ကို အလုံးစုံ ပျက်သုဉ်းအောင် ဖျ-က်ဆီးနေတယ်လို့ အပြတ်ပြောလာတဲ့ ကန်တိုနာ

သရဲနီ ဂန္တဝင်ကြီး အဲရစ်ကန်တိုနာဟာ ယူနိုက်တက်ရဲ့ ဆန့်ကျင်ပုန်ကန်ကြသူတွေ ကလပ် FC United တွင် ရှယ်ယာဝင်တစ်ဦး ဖြစ်လာပြီးနောက် မန်ချက်စတာယူနိုက်တက်မှာ ဝိဉာဉ်ပျောက်ဆုံးနေကြောင်း ဝေဖန်ပြောဆိုလာပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟောင်းဟာ ယခုအပတ်တွင် ပြီးခဲ့တဲ့အပတ်ကတည်းက မန်ချက်စတာသို့ ရောက်လာကာ မြို့ခံပြိုင်ဘက် မန်စီးတီးနှင့် စိတ်ပျက်ဖွယ် ဂိုးမရှိ သရေကျတဲ့ပွဲအား လာရောက်ကြည့်ရှုခဲ့ပါတယ်။

သူဟာ မန်ချက်စတာသို့ ရောက်နေစဉ်အတွင်း ယူနိုက်တက်ပိုင်ရှင်ဂလေဇာကို ဆန့်ကျင် ပုန်ကန်တဲ့အနေဖြင့် ယူနိုက်တက်ပရိသတ်များ တည်ထောင်ဖွဲ့စည်းထားတဲ့ FC United Of Manchester ရဲ့ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်လာပါတယ်။ သူ့အပြင် မိသားစုဝင်များဖြစ်ကြတဲ့ ကလေး ၄ ဦး၊ ညီအစ်ကို ၂ ဦးတို့မှာလည်း FC United ရဲ့ ရှယ်ယာရှင်များ ဖြစ်လာကြပါတယ်။
အသက် ၅၈ နစ်ရှိ ကန်တိုနာက “ယူနိုက်တက်ကို အရမ်းချစ်လို့ ယူနိုက်တက်ကို အားပေးတယ်။ ဒါပေမဲ့ အခုနေသာ ကလပ်တစ်ခုကို ရွေးခွင့်ရှိမယ်ဆိုရင် ယူနိုက်တက်ကို ရွေးဖြစ်မယ် မထင်ဘူး။ ကျွန်တော့်အတွက် ကိုယ့်မန်နေဂျာ၊ ကိုယ်ကစားသမားဖော်တွေကို လေးစားသလိုမျိုး ဒီလူတွေကို(ပရိသတ်)လေးစားဖို့က အရမ်းအရေးကြီးပါတယ်။

ရက်ကလစ်ဖ် ရောက်လာပြီးတဲ့နောက် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားတယ်လို့ ထင်တယ်။ ဒါရိုက်တာအဖွဲ့ကလည်း အားလုံးကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်။ သူတို့က ဘယ်သူ့ကိုမှ မလေးစားဘူး။ သူတို့က ကွင်းကိုတောင် ပြောင်းချင်နေကြတယ်။

အသင်းနှင့် ကလပ်ရဲ့ ဝိဉာဉ်က ကစားသမားတွေ မဟုတ်ပါဘူး။ ဒီလူတွေအားလုံး(ပရိသတ်)က မိသားစုကြီးတစ်ခုလိုပါပဲ။ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေနဲ့လည်း ကိုယ်နဲ့ နီးစပ်တယ်လို့ မခံစားရပါဘူး။ သူတို့မှာ အခြားဗျူဟာ၊ အခြားစီမံကိန်းတွေ ရှိတယ်။ ဒီစီမံကိန်းနဲ့ ကိုယ်နဲ့ နီးစပ်တယ်လို့ ခံစားရလား၊ ကျုပ်တော့ မထင်ဘူး”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်တွင် အောင်မြင်တဲ့ ငါးနှစ်တာ ကစားခဲ့တဲ့ ကန်တိုနာက လက်ရှိ ယူနိုက်တက်မှာ သူသိထားတဲ့ ယူနိုက်တက်မျိုး မဟုတ်တော့ကြောင်းလည်း ပြောကြားသွားပါတယ်။

အဲရစ်ကန်တိုနာ ရှယ်ယာတင်တစ်ဦးဖြစ်လာတဲ့ FC United မှာ ယူနိုက်တက်ပရိသတ်များဖြင့် စုဖွဲ့ထားတဲ့အသင်းဖြစ်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်များကို ရှယ်ယာဝင်တိုင်းစီရဲ့ ဆုံးဖြတ်ချက်ဖြင့် ဆုံးဖြတ်ချက်ချလေ့ရှိပါတယ်။