နိုင်ပွဲ ရခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကို ပြ-စ်တင်ခဲ့တဲ့ တိုက်စစ်မှုး ဇာဇီး
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုး ဂျိုရွှာ ဇာဇီးက ကွင်းထဲကနေ အစောကြီး ထွက်ခွာသွားလို့ လိုင်ယွန်ကို မယုံနိုင်ဖွယ် နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့မှုကို မမြင်တွေ့ခဲ့ရတဲ့ ပရိသတ်တွေကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အချိန်ပိုပြီးဆုံးဖို့ ၁၀ မိနစ်အလိုမှာ ၂ ဂိုးအကွာနဲ့ နောက်ကနေ လိုက်စားခဲ့ရတာဖြစ်ပြီး လိုင်ယွန်ကြောင့် အရှက်ရဖွယ် ရှုံးပွဲနဲ့ ရင်ဆိုင်ရတော့မယ်လို့ ထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။
ဒါကြောင့် စိတ်ပျက်နေကြတဲ့ အိမ်ကွင်းပရိသတ် ထောင်နဲ့ချီတဲ့ လူအုပ်ဟာ ပွဲမပြီးဆုံးခင်မှာ ကွင်းထဲကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီကြောင့် သရဲနီတို့ မျှော်လင့်ချက် ပြန်ရလာချိန်မှာ အများစုက ခုံမှာ ပြန်ထိုင်ဖို့ အချိန်မီ ခဲ့ကြတာဖြစ်ပါတယ်။
ကော်ဘီ မိန်းနူးနဲ့ မက်ဂွိုင်္ငးယားတို့က နောက်ဆုံး ၁ မိနစ် အတွင်း ၂ ဂိုးဆက်တိုက် သွင်းယူနိုင်ခဲ့ကြပြီးနောက် အိုးထရင်္ကဖို့ဒ် ကွင်းထဲက ပရိသတ်တွေဟာ ကစားသမားတွေနဲ့အတူ အားပါးတရ အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂျိုရွှာ ဇာဇီးက သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ ပွဲမပြီးထင် ထပြန်ခဲ့ကြတဲ့ ပရိသတ်အချို့ကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ ရှုံးနိမ့်နေချိန်မှာ စွန့်ခွာသွားခဲ့ကြတဲ့ ပရိသတ်အားလုံးသို့”ဆိုတဲ့ စာနဲ့အတူ အိုးထရက်ဖို့ဒ်ကွင်းထဲက ပျော်ရွှင်မြူးထူးနေတဲ့ မြင်ကွင်းတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့ပြီး ဒါကို နားထောင်ကြည့်ပါလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဇာဇီးဟာ ရာသီကုန်အထိ လွဲချော်မယ့် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက် လိုင်ယွန်နဲ့ပွဲကို ပွဲကြည့်စင်ကနေ ကြည့်ရှူခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ အနိုင်ဂိုးသွင်းရှင် ဟာရီ မက်ဂွိုင်းယားက ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် ပွဲအပြီးမှာ –
“မယုံနိုင်စရာကောင်းတဲ့ ပွဲဖြစ်ခဲ့တာ သိသာပါတယ်။ ကျွန်တော်တို့ အဲဒီလိုနိုင်ပွဲရအောင် တကယ်ကို ပြင်းပြင်းထန်ထန် ကြိူးစားခဲ့ရတာပါ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီးတတိယမြောက်ဂိုူသွင်းယူဖို့ အခွင့်အရေးတွေလည်း ရခဲ့တယ်။ ပြီးတဲ့နောက်မှာ သူတို့က မထင်မှတ်ထားဘဲ ဂိုးတွေသွင်းသွားခဲ့တယ်။
အဲဒါကြောင့် ကျွန်တော်တို့ နောက်က ပြန်လိုက်ကစားခဲ့ရတယ်။ အချိန်ပိုမှာ တယောက်လျော့နေတဲ့အသင်းကို ၄-၂ နဲ့ ရှုံးနိမ့်နေတာက ကောင်းသင့်သလောက် မကောင်းမွန်ခဲ့ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ၊ ကျွန်တော်တို့ အရမ်းကို ဖွင့်ကစားခဲ့မိကြတယ်။ ကျွန်တော်တို့ ရေကုန်ရေခန်းနဲ့ အရမ်းကောင်းတဲ့စိတ်ဓာတ်ကို ပြသနိုင်ခဲ့တယ်။ ဒါက ဒီကွင်းထဲမှာ လုပ်ရမယ့်အရာပါ။ “လို့ ပြောဆိုခဲ့ပါတယ်။