ယူရိုပါလိဂ် ဖလား ယူဖို့က အရေးကြီးဆုံးလို့ သ-တ်မှတ်လိုက်ပြီ ဖြစ်တဲ့ ယူနိုက်တက် နည်းပြ အမ်မိုရင်း
မန်ချက်စတာ ယူနိုက်တက်အသင်းက အိုးထရက်ဖို့ဒ်မှာ လိုင်ယွန်ကို မယုံနိုင်စရာ ပုံစံမျိုးနဲ့ အနိုင်ရပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ် တက်ရောက်ထားပြီ ဖြစ်ပါတယ်။
ယူနိုက်တက် နည်းပြ အမ်မိုရင်းကတော့ ယူရိုပါလိဂ် ဖလားယူဖို့ကို အရေးကြီးဆုံး အဖြစ် သတ်မှတ်ထားပြီ ဖြစ်ကြောင်း သူ့သဘောထားနဲ့ ခံယူချက်ကို အခုလို ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။
” ဒီလို အခိုက်အတန့်မျိုးဆိုတာက ဒီလို (ဆိုးရွားတဲ့) ဘောလုံး ရာသီ ကာလအတွင်း ကစားသမားတွေကို အားတက် စေပါလိမ့်မယ်။ ပရိသတ်တွေနဲ့လည်း ရင်ဘတ်ချင်း ပိုနီးသွားလိမ့်မယ်။ ဒီနေ့ကတော့ ခံစားမှု သိပ်ကောင်းတယ်။ မနက်ဖြန်ကျ အသစ် ပြန်စ ကြိုးစားကြမယ်။
ကျွန်တော်တို့ စွန့်စားပြီး ကစားသမား တချို့ကို အနားပေးတာတွေ လုပ်ရတော့မယ်။ ကျွန်တော်တို့ ဘောလုံးရာသီကို ကြည့်ရင် အားလုံးအတွက် အခုချိန် အရေးကြီးဆုံးက ယူရိုပါလိဂ် ဖြစ်သွားပါပြီ။ ” လို့ အမ်မိုရင်းက ဆိုပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ပြည်တွင်းပြိုင်ပွဲ ပရီးမီးယားလိဂ်မှာ အဆင့် ၁၄ မှာသာ ရှိနေပါတယ်။
ယူရိုပါလိဂ်မှာတော့ ဆီမီးဖိုင်နယ် နှစ်ပွဲ အက်သလက် ဘီဘာအိုနဲ့ ကစားပြီး ကျော်ဖြတ်နိုင်ပါက ဗိုလ်လုပွဲမှာမှာ နော်ဝေကလပ် Bodo/Glimt (သို့မဟုတ်) တော့တင်ဟမ် စပါးနဲ့ တွေ့ဖွယ် ရှိကာ ဆုဖလား အခွင့်အရေး လမ်း သာနေပါတယ်။