တနင်္ဂနွေည အိုးထရက်ဖို့ဒ်မှာ ဆိုပေမယ့် မန်ယူက ဝုဗ်ကို မနိုင်ဘူး ဆိုတဲ့ ပေါမာဆန်ကြီး ရဲ့ ကြိုတင် ဟောကိန်းထုတ်မှု

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဝုဗ်အသင်းနဲ့ တွေ့ဆုံနေပါတယ်။ ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲ အချိန်၊ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကြမှာပါ။

ဘောလုံးပွဲ သုံးသပ်နေကြ ဝါရင့် ဆရာကြီး ပေါမာဆန်က မန်ချက်စတာ ယူနိုက်တက် – ဝုဗ် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒါဘီပွဲအပြီးမှာ ကျွန်တော်တို့ တွေးမိခဲ့တာက မန်ယူနိုက်တက်က တိုးတက်မလာဘူးဆိုတာပါပဲ။ သူတို့တွေက နယူးကာဆယ်နဲ့ပွဲမှာ ဆိုးရွားခဲ့ပြီး အခု ဝုဗ်နဲ့ ရင်ဆိုင်ရမယ်။

မန်ယူနိုက်တက်က ယူရိုပါလိဂ်မှာ အံ့အားသင့်ဖွယ် ကမ်းဘက်နိုင်ပွဲနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီး ကစားသမားတွေလည်း မိနစ် ၁၂၀ အထိ ကစားခဲ့ရလို့ တော်တော်လေး ပွဲပန်းနေမှာပါ။

ဝုဗ်က ဘယ်ပဲသွားကစားကစား သူတို့ ကစားချင်တဲ့ပွဲမျိုးဖြစ်အောင် ကြိုးစားမှာပါ။ ဒါကြောင့် ဒီပွဲက မန်ယူနိုက်တက်အတွက် အန္တရာယ်များတဲ့ပွဲလို့ ထင်တာပါ။ မားသီးယပ်စ် ကွန်ညာက ဒီပွဲက သူ့အတွက် ကြီးမားတဲ့ လူတွေ့စစ်ဆေးမှုလို့ ယူဆပြီး ကစားမယ်ဆိုရင် ဝုဗ်က အိမ်ရှင်တွေကို နာာကျင်အောင် လုပ်နိုင်မှာပါ။ ” လို့ ပေါမာဆန်က သုံးသပ်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၂ ဝုဗ် ဖြစ်ပါတယ်။