ရက်ရှ်ဖို့ဒ်ကို အပြီးဝယ်ဖို့ ပြင်နေတဲ့ ဗီလာအား သတိပေးစကား ဆိုခဲ့တဲ့ ဆောင်းနက်စ်

လာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကနေ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူဖို့ စဉ်းစားနေတဲ့ အက်စ်တန်ဗီလာ အား ဂရေမီ ဆောင်းနက်စ်က သတိပေးစကား ပြောကြားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဒီလအစောပိုင်းမှာ အက်စတန် ဗီလာကို အက်ဖ်အေဆီမီးဖိုင်နယ်အဆင့်တက်ရောက်နိုင်စေမယ့် သွင်းဂိုး ၂ ဂိုးကို သွင်းယူပေးခဲ့ပြီး ပီအက်စ်ဂျီကို ကပ်ရှုံးပြီး ထွက်ခွာခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အူနိုင်းင်း အမ်မရီက ရက်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပျော်ရွှင်နေပေမယ့်လည်း ဆောင်းနက်စ်က အင်္ဂလ န်တိုက်စစ်မှူးအနေနဲ့ လာမယ့်နွေရာသီမှာ အပြီးသတ် ခေါ်ယူရလောက်အောင် လုံလောက်တဲ့အရာတွေ လုပ်ဆောင်ပြီးပြီမို့လို့လားလို့ မေးခွန်းထုတ်ထုတ်ခဲ့တာဖြစ်ပါတယ်။

“အက်စတန်ဗီလာက ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ဖို့ စဉ်းစားနေတဲ့အတွက် ကျွန်တော်မေးချင်တဲ့ မေးခွန်းက ခင်ဗျားတို့ သူ့ကို ယုံကြည်လို့ရနိုင်လားဆိုတာပါ။ သူ့ရဲ့ အငှားကစားသမားဘဝ ကာလအတွင်း လုပ်စရာရှိတာ အားလုံးလုပ်နိုင်ခဲ့ပြီမို့လို့လား။

အူနိုင်းကတော့ သူ့ကို အနီးကပ်မြင်နေရတော့ ပိုသိမှာပါ။ သူ့ကို အဓိကပွဲတွေမှာ ပွဲထွက်ခွင့်ပေးခဲ့တယ်။ ဒါပေမယ့် သူတကယ်ရော လုံလောက်အောင် လုပ်နိုင်ခဲ့ပြီလား။ ဒါက မနိယူနိုက်တက်အတွက် ကြီးမားတဲ့ အပြောင်းအရွှေ့ဆိုတာ အက်စတန် ဗီလာသိပါတယ်။

သူတို့တွေ ပေါင်သန်း ၄၀ ပေးလိုက်ရင် မန်ယူနိုက်တက်က လာမယ့်နွေမှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ PSR နဲ့ပတ်သက်ပြီး ပိုပြီး ကြီးမားတဲ့ နေရာလွတ်ရသွားနိုင်တယ်။ အဲဒီတော့ ဗီလာက ဘာကြောင့် မန်ယူနိုက်တက်အကြိုက်ဖြစ်အောင် လုပ်ပေးမှာလဲ။

ယူနိုက်တက်က သူ့ကို ရောင်းထုတ်ဖို့ လိုတယ်၊ သူ့ကို သွားခိုင်းမယ်ဆိုတာ ဗီလာလည်း သိနေတာပဲ။ ဒါပေမယ့်လည်း ဘာများ ပြောင်းလဲသွားဦးမလဲဆိုတာ ခင်ဗျားက သိချင်နေတုန်းပဲ။ ရက်ရှ်ဖို့ဒ်က မိခင်ကလပ်ကို စွန့်ခွာမယ့် မန်ချက်စတာသားပါ။ သူတို့တွေ သူ့ကို ကြီးမားတဲ့ စာချုပ်ပေးခဲ့ပြီး အရေးကြီးတဲ့ အချိန်တွေမှာ သူတို့ကို စိတ်ပျက်စေခဲ့တယ်။

သူ့ဘဝမှာ ဘာတွေ ပြောင်းလဲသွားခဲ့တာလဲ။ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ တူညီတဲ့သူတွေ ရှိနေသေးလို့လား။ သူ့ကို ခေါ်ယူလိုက်ရင် အရင်ပုံစံ ပြန်မဖြစ်သွားဘူးလို့ အာမခံနိုင်လို့လား။ သူ့ကို ယုံကြည်လို့ ရနိုင်ပါ့မလားဆိုတာက အကြီးမားဆုံး မေးခွန်းပဲ။ အက်စတန်ဗီလာက ချန်ပီယံလိဂ်မှာ ရှိနေခဲ့တဲ့ ကြီးမားတဲ့ကလပ်အသင်းဖြစ်ပြီး အားကိုးလို့ရတဲ့ ကစားသမားတွေပဲ လိုအပ်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။