မန်ချက်စတာ ယူနိုက်တက် ဆိုတာ ကစားသမားတိုင်း ကစားချင်ကြတဲ့ အသင်း လို့ ရူဘင်အေမိုရမ် ဝံ့ကြွား

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၄ နေရာတွင် ရပ်တည်နေရပေမဲ့ မည်သည့် ထိပ်တန်းကစားသမားမျိုးကိုမဆို ဆွဲဆောင်နိုင်ဆဲဖြစ်ကြောင်း နည်းပြ ရူဘင်အေမိုရမ်က ပြောကြားလာပါတယ်။

ဒါ့အပြင်‌ နိုဝင်ဘာလတုန်းက ယူနိုက်တက်ကို စတင်ကိုင်တွယ်ခဲ့တဲ့ ပေါ်တူဂီလူမျိုးနည်းပြက လာမယ့် ရာသီတွင် သူလိုချင်တဲ့ အသင်းကို မြင်တွေ့ရမှာ ဖြစ်ကြောင်းလည်း ပြောကြားလာပါတယ်။

ယူနိုက်တက်ဟာ ၁၉၇၃-၇၄ ရာသီနောက်ပိုင်းတွင် အဆိုးရွားဆုံးရာသီတစ်ခု ကြုံလာရဖို့ သေချာနေပြီး နည်းပြအေမိုရမ်မှာလည်း အသင်းကို အကြီးအကျယ် အပြောင်းအလဲများ ပြုလုပ်လိုနေပါတယ်။

ယူနိုက်တက်ဟာ လာမယ့် နွေရာသီတွင် ဝုဗ်မှ ဘရာဇီးတိုက်စစ်သမားမားသီးယပ်စ်ကန်ညာနှင့် အစ္စဝှစ်ချ်တောင်းတိုက်စစ်သမားလီယမ်ဒီလပ်တို့အား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။

ယူနိုက်တက်ဟာ ယခုရာသီ တစ်ခုတည်းသော ဥရောပမျှော်လင့်ချက်နှင့် ဆုဖလားမျှော်လင့်ချက်အဖြစ် ယူရိုပါလိဂ်သာ ရှိပါတော့တယ်။ ၎င်းတို့ဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်သို့ တက်ရောက်ထားပြီး ဘီလ်ဘာအိုနှင့် ရင်ဆိုင်ကစားရပါမယ်။

အေမိုရမ်က “ဒါက မန်ချက်စတာယူနိုက်တက်ပါ။ ကစားသမားတိုင်း မန်ချက်စတာယူနိုက်တက်အတွက် ကစားချင်တယ်။

အခု ကျုပ်တို့ ကလပ်ကို ကြည့်လိုက်ပါ။ ပြဿနာတွေ အားလုံးကို မြင်ရလိမ့်မယ်။ နည်းပြအပြောင်းအလဲအပါအဝင် ပြဿနာအချို့လည်း မြင်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရှင်းလင်းတဲ့ စိတ်ကူးရှိပြီးသားပါ။ ကစားသမားတစ်ဦးကို ရှင်းပြရတာ အရမ်းလွယ်တယ်”လို့ ပြောကြားသွားပါတယ်။

ဒါပေမဲ့ ကန်ညာဟာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၂.၅ သန်းပါဝင်တဲ့ ဝုဗ်တိုက်စစ်သမား ကန်ညာကို ခေါ်ယူရေး ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းနှင့်ပတ်သက်ပြီး အတည်ပြုရန် ငြင်းဆိုသွားပါတယ်။