မန်ယူနည်းပြ ရန်းနစ်အတွက် အဓိက ကစားသမား တစ်ဦး ပြန်လာတော့မယ် ဆိုတဲ့ သတင်းကောင်း

မန်ချက်စတာယူနိုက်တက်ရဲ့ အားထားရတဲ့ ဗဟိုခံစစ်မှုး ဗာရိန်းဟာ အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ နီးစပ်နေပြီ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ပြင်သစ်နောက်ခံလူဟာ လက်ရှိအချိန်မှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာအောင် ကြိုးစားနေတာပါ။

ပြီးခဲ့တဲ့ နွေရာသီက ရီးရယ်လ် အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဗာရိန်းဟာ ဒဏ်ရာပြသနာတွေကြောင့် နိုဝင်ဘာလ အစတည်းက မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိသေး တာဖြစ်ပါတယ်။ ဗာရိန်းဟာ အတ္တလန္တာနဲ့ ချန်ပီယံလိဂ်ပွဲမှာ တံကောက်ကြော ဒဏ်ရာရရှိသွားပြီးတည်း က အနားယူနေရတာပါ။

ဗာရိန်း ကတော့ အသင်းကို ပြန်လည်ကူညီနိုင်ဖို့အတွက် မကြာခင်အချိန်မှာ လေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်ဖို့ မျှော်လင့်နေတယ်လို့ အသင်းတီဗီနဲ့ အင်တာဗျုးပြုလုပ်ရမှာပြောခဲ့တာဖြစ်ပါတယ်။

ဗာရိန်းက ” ကျွန်တော် အလုပ်ကိုကြိုးစားပြီးလုပ်နေပါတယ်။ ခင်ဗျားတို့သိလား၊ ဘောလုံးသမားဆိုတာ ဖော်မြူလာဝမ်းက ကားတွေလိုပဲ။ အဲဒါကြောင့်လည်း တခါတရံမှာ မော်တာကို မြှင့်တင်နိုင်ဖို့ အတွက် တခုခုကို ပြောင်းလဲနိုင်ဖို့လိုအပ် နေတာဖြစ်ပါတယ်။

ဒါဟာ ကြီးမားတဲ့ခြားနားချက်၊ ကြီးမားတဲ့ အပြောင်းအလဲဖြစ်တဲ့အတွက် အနည်းငယ်တော့ ပြောင်းရမယ်ထင်ပါတယ်။ အလုပ်က မတူတဲ့အတွက် လိုက်လျောညီထွေ ဖြစ်အောင် လုပ်ရပါမယ်။

ဒါကို သိတဲ့ အတွက်လည်း အမြန်ဆုံး ပြန်လာနိုင်ဖို့ အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးနေပါတယ်။ ဒါဟာ ကြီးမားတဲ့ အလုပ် ဆိုတာ သိပေမယ့် တိုးတက်အောင်ကြိုးစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အသင်းကို ကူညီဖို့ ပြန်လာရမှာ ဖြစ်တဲ့အတွက်လည်း အလွန်စိတ်လှုပ်ရှားနေပါပြီ” လို့ ဆိုခဲ့ပါတယ်။

ဗာရိန်းမပါဝင်နိုင်တဲ့ ပွဲတွေမှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ခံစစ်ပိုင်းဟာ သိသိသာသာကို ဆိုးရွားခဲ့ပြီး လက်စတာ၊ လီဗာပူးလ်၊ မန်စီးတီးနဲ့ ဝက်ဖိုဒ့် အသင်းတွေကို ဂိုးပြတ် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် နည်းပြ ဆိုးလ်ရှားလည်း ထွက်ခွာရသည်ထိ ဖြစ်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ကာရစ် ကိုင်တွယ်တဲ့ ပွဲတွေကစပြီး အသင်းရဲ့ရလဒ်ပိုင်းတွေဟာ ပြန်လည် ကောင်းမွန်လာခဲ့ကာ ချယ်လ်ဆီးကို သရေ၊ အာဆင်နယ်နဲ့ ဗီလာရီးရယ်လ် ပွဲတွေမှာ အနိုင်ရခဲ့ပါတယ်။

ယာယီနည်းပြသစ် ရက်ဂ်နစ် ကိုင်တွယ်တဲ့ ပထမဆုံးပွဲမှာလည်း ပဲလေ့စ် ကို ပေးဂိုးမပေးရပဲ အနိုင်ရခဲ့တာဖြစ်ပြီး စိတ်ချရတဲ့ နောက်ခံလူ ဗာရိန်းသာ ပြန်ကစားနိုင်ရင် အကောင်းဆုံး အနေအထား ဖြစ်လာမှာပါ။

ZG

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အားထားရတဲ့ ဗဟိုခံစစ္မႈး ဗာရိန္းဟာ အသင္းအတြက္ ျပန္ကစားေပးႏိုင္ဖို႔ နီးစပ္ေနၿပီ ျဖစ္တယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ ျပင္သစ္ေနာက္ခံလူဟာ လက္ရွိအခ်ိန္မွာ ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာေအာင္ ၾကဳိးစားေနတာပါ။

ၿပီးခဲ့တဲ့ ေႏြရာသီက ရီးရယ္လ္ အသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ဗာရိန္းဟာ ဒဏ္ရာျပသနာေတြေၾကာင့္ ႏို၀င္ဘာလ အစတည္းက မန္ခ်က္စတာယူႏိုက္တက္ အသင္းအတြက္ ပါ၀င္ကစားႏိုင္ျခင္းမရွိေသး တာျဖစ္ပါတယ္။ ဗာရိန္းဟာ အတၱလႏၲာနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ တံေကာက္ေၾကာ ဒဏ္ရာရရွိသြားၿပီးတည္း က အနားယူေနရတာပါ။

ဗာရိန္း ကေတာ့ အသင္းကို ျပန္လည္ကူညီႏိုင္ဖို႔အတြက္ မၾကာခင္အခ်ိန္မွာ ေလ့က်င့္ခန္း အျပည့္အ၀ ဆင္းႏိုင္ဖို႔ ေမွ်ာ္လင့္ေနတယ္ လို႔ အသင္းတီဗီနဲ႔ အင္တာဗ်ဳးျပဳလုပ္ရမွာေျပာခဲ့တာျဖစ္ပါတယ္။

ဗာရိန္းက ” ကြၽန္ေတာ္ အလုပ္ကိုႀကိဳးစားၿပီးလုပ္ေနပါတယ္။ ခင္ဗ်ားတို႔သိလား၊ ေဘာလုံးသမားဆိုတာ ေဖာ္ျမဴလာ၀မ္းက ကားေတြလိုပဲ။ အဲဒါေၾကာင့္လည္း တခါတရံမွာ ေမာ္တာကို ျမႇင့္တင္ႏိုင္ဖို႔ အတြက္ တခုခုကို ေျပာင္းလဲႏိုင္ဖို႔လိုအပ္ ေနတာျဖစ္ပါတယ္။

ဒါဟာ ႀကီးမားတဲ့ျခားနားခ်က္၊ ၾကီးမားတဲ့ အေျပာင္းအလဲျဖစ္တဲ့အတြက္ အနည္းငယ္ေတာ့ ေျပာင္းရမယ္ထင္ပါတယ္။ အလုပ္က မတူတဲ့အတြက္ လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ လုပ္ရပါမယ္။

ဒါကို သိတဲ့ အတြက္လည္း အျမန္ဆုံး ျပန္လာႏိုင္ဖို႔ အတြက္ အေကာင္းဆုံးျဖစ္ေအာင္ ၾကိဳးစားေပးေနပါတယ္။ ဒါဟာ ႀကီးမားတဲ့ အလုပ္ ဆိုတာ သိေပမယ့္ တိုးတက္ေအာင္ႀကိဳးစားဖ္ို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ အသင္းကို ကူညီဖို႔ ျပန္လာရမွာ ျဖစ္တဲ့အတြက္လည္း အလြန္စိတ္လႈပ္ရွားေနပါျပီ” လို႔ ဆိုခဲ့ပါတယ္။

ဗာရိန္းမပါ၀င္ႏိုင္တဲ့ ပြဲေတြမွာ မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ႕ ခံစစ္ပိုင္းဟာ သိသိသာသာကို ဆိုး႐ြားခဲ့ၿပီး လက္စတာ၊ လီဗာပူးလ္၊ မန္စီးတီးနဲ႔ ၀က္ဖိုဒ့္ အသင္းေတြကို ဂိုးျပတ္ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ နည္းျပ ဆိုးလ္ရွားလည္း ထြက္ခြာရသည္ထိ ျဖစ္ခဲ့တာပါ။

မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ကာရစ္ ကိုင္တြယ္တဲ့ ပြဲေတြကစၿပီး အသင္းရဲ႕ရလဒ္ပိုင္းေတြဟာ ျပန္လည္ ေကာင္းမြန္လာခဲ့ကာ ခ်ယ္လ္ဆီးကို သေရ၊ အာဆင္နယ္နဲ႔ ဗီလာရီးရယ္လ္ ပြဲေတြမွာ အႏိုင္ရခဲ့ပါတယ္။

ယာယီနည္းျပသစ္ ရက္ဂ္နစ္ ကိုင္တြယ္တဲ့ ပထမဆုံးပြဲမွာလည္း ပဲေလ့စ္ ကို ေပးဂိုးမေပးရပဲ အႏိုင္ရခဲ့တာျဖစ္ျပီး စိတ္ခ်ရတဲ့ ေနာက္ခံလူ ဗာရိန္းသာ ျပန္ကစားနိုင္ရင္ အေကာင္းဆံုး အေနအထား ျဖစ္လာမွာပါ။