ဘီလ်ဘာအိုကို ဂိုးပြတ် အနိုင်ယူပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲသို့ ခြေတလှမ်း ရောက်နှင့်သွားတဲ့ မန်ချက်စတာယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကြာသပတေးနေ့ညက အက်သလက်တစ် ဘီလ်ဘာအိုနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အထင်ကြီးဖွယ် စွမ်းဆောင်ရည်နဲ့အတူ အိမ်ရှင်တွေကို ၃ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
ဒီလို ဂိုးပြတ် ရလဒ်ကြောင့် ဒုတိယ အကျော့ ကျန်သေးပေမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲတက်နိုင်ဖို့ သေချာသလောက်ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။
သရဲနီတွေဟာ ဂါနာချိုရဲ့ သွင်းဂိုးကြောင့် အကောင်းဆုံးပုံစံနဲ့ ပွဲကို စတင်နိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမယ့်လည်း စည်းကြပ်ဒိုင်က လူကျွံအလံထောင်ထားခဲ့တာကြောင့် ခေတ္တ ခဏသာ အောင်ပွဲခံခဲ့ရပါတယ်။
ဒါပေမယ့်လည်းည်း မိနစ် ၃၀ မှာတော့ ကက်စမီရိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး အမိုရင်ရဲ့အသင်းဟာ နောက်ထပ် ၂ မိနစ်အကြာမှာပဲ VAR က ပင်နယ်တီ ပေးခဲ့တာကြောင့် နောက်ထပ်ဦးဆောင်ဂိုးရရှိမယ့် ရွှေရောင်အခွင့်အရေးကို ရရှိခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အတွက် ပင်နယ်တီကို အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က သွင်းယူပေးခဲ့ပြီး ပထမပိုင်း မပြီးဆုံးခင်မှာ နောက်ထပ် ၁ ဂိုး ထပ်မံသွင်းယူပြီး ပွဲကို အဆုံးသတ်ပေးခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒုတိယပိုင်းမှာ အိမ်ရှင် အက်သလက်တစ် ဘီလ်ဘာအိုကို ချေပဂိုးတွေ ပြန်မသွင်းနိုင်အောင် ထိန်းချုပ်ထားနိုင်ခဲ့ပြီး နောက်လာမယ့်အပတ် အိုးထရက်ဖို့မှာ ကစားရမယ့် ဒုတိယအကျော့ပွဲမတိုင် ပြတ်သားတဲ့ ရလဒ်ကို ရယူန်ုင်ခဲ့တာဖြစ်ပါတယ်။