ထူးရှယ် ခြေစွမ်းပြနေတဲ့ မက်ဂွိုင်းယား ကို ချီးမွမ်းခန်း ဖွင့်နေတဲ့ နည်းပြ အမိုရင်
မန်ယူအသင်းနည်းပြ အမိုရင်ကတော့ ဘီဘာအိုနဲ့ပွဲမှာ ထူးရှယ်ခြေစွမ်းပြသခဲ့တဲ့ နောက်ခံလူ မက်ဂွိုင်းယားကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ကမ္ဘာ့ဂျင်းအကြီးဆုံး နောက်ခံလူအဖြစ် ပရိသတ်အချို့ မက်ဂွိုင်းယားကို ခေါ်ဆိုသမုတ်ခဲ့ကြပေမယ့် အဆိုပါ အဂ်လန်သားကတော့ လုပ်စရာရှိတာတွေကို ယခုရာသီ ဆက်တိုက်ပြုလုပ်ပြနေခဲ့ပါတယ်။
မက်ဂွိုင်းယားဟာ အသင်းခေါင်းဆောင် လက်ပတ် ဆုံးရှုံးထားရပေမယ့် ပါဝင်ကစားခွင့်ရတဲ့ မိနစ်တိုင်း အထူးခြေစွမ်းပြနေသူ တစ်ယောက် ဖြစ်ပြီး လက်ရှိ နည်းပြ အမိုရင်ရဲ့ အားထားရတဲ့ နောက်တန်း ကစားသမား တစ်ယောက် ဖြစ်နေပါတယ်။
အမိုရင်က “ ကစားသမားတွေဆိုတာ တစ်ခါတစ်လေ အခက်ခဲဆုံးသော အခိုက်အတန့်တွေ ရင်ဆိုင်ရလေ့ရှိပါတယ်၊ မက်ဂွိုင်းယား ကြုံခဲ့သလိုမျိုးပေါ့၊ သူက ဘယ်သူမှားသလဲဆိုတာကို အလုပ်နဲ့ သက်သေပြသလိုက်တာပါ၊ အသင်းအတွက် သူအကောင်းဆုံး စွမ်းဆောင်ပေးနေသလို လက်ရှိ အနေအထားကို သူအပြည့်အဝ ကျေနပ်အားရနေပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ တုန်းက မက်ဂွိုင်းယားကို ပေါင် သန်း ၃၀ ထဲနဲ့ ဝက်စ်ဟမ်းအသင်းထံ ရောင်းချဖို့ သဘောတူညီမှုရလုနီးပါး ဖြစ်ခဲ့ပေမယ့် ကစားသမားရဲ့ ငြင်းဆန်မှုကြောင့် ယခုရာသီ ဆက်လက် အသုံးပြုခွင့် ရနေတာ ဖြစ်ပါတယ်။