ပရီးမီးယားလိဂ်မှာ အဆင့် တက်ဖို့ မစွန့်စားတော့ဘူး ဆိုတဲ့ နည်းပြ အမိုရင်ရဲ့ သဘောထား
မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အမိုရင်ကတော့ ယူရိုပါလိဂ်ဆီမီးဒုတိယအကျော့ပွဲစဉ်ရှိနေတာကြောင့် ဘရန်းဖို့ဒ်နဲ့ပွဲမှာ အဓိက ကစားသမားတွေကို ထုတ်သုံးမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။
ယူရိုပါလိဂ် ဖိုင်နယ်အဆင့် တက်လှမ်းဖို့ အကောင်းဆုံး အနေအထားတွေ ပိုင်ဆိုင်ထားတဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ တန်းဆင်းမယ့် အန္တရယ်မရှိတော့သလို နောက်ထပ် မျှော်လင့်ချက်တွေလည်း မရှိတော့တာကြောင့် လက်ရှိ အဆင့် ၁၄ ဆိုတဲ့ နေရာကနေ တက်ဖို့ အရဲစွန့်ကြိုးစားသွားမှာ မဟုတ်ပါဘူး။
အမိုရင်က “ အဓိက ပြောလိုတာက ဒဏ်ရာထပ်ရသွားနိုင်တဲ့ အနေအထားတွေဖြစ်လာမှာကို ကျွန်တော် မလိုလားပါဘူး၊ ဘာတွေပဲ ဖြစ်ဖြစ် အရဲစွန့်သွားဖို့ မရှိပါဘူး၊ ဉပမာ မက်ဇာအိုရီ လို ကစားသမားမျိုးပေါ့၊ သူ့ကို အရဲစွန့်ပြီး ကျွန်တော်တို့ သုံးသွားမှာ မဟုတ်ပါဘူး။
ကစားဖို့ အသင့်ဖြစ်နေတဲ့ ကစားသမားတွေကိုပဲ ရွေးချယ်လာမှာပါ၊ ကျွန်တော်တို့က ယူနိုက်တက် ဖြစ်နေတဲ့အတွက် ဘာပဲ ဖြစ်ဖြစ် အရာအားလုံးကို ထည့်တွက်ဖို့ လိုအပ်နေပါသေးတယ်၊ ဒါပေမယ့် ကျွန်တော်တို့ နိုင်လောက်မှာပါဆိုတဲ့ စိတ်မျိုးနဲ့တော့ သွားကစားမှာ မဟုတ်ပါဘူး၊ သေသေချာချာ ကစားမှာပါ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ နိုင်ပွဲရှာတွေ့ဖို့ အချိန်ကြာမြင့်နေပြီ ဖြစ်တဲ့ မန်ယူအသင်းဟာ ယခုတစ်ခေါက်ပွဲမှာ အဓိက ကစားသမား အချို့ကို အနားပေးမယ်ဆိုပေမယ့် ဖာနန်ဒက်စ်တို့လို မရှိမဖြစ် ကစားသမားတွေကိုတော့ ထည့်သွင်းလာဖို့ ရှိနေပါတယ်။