စီ ရော်နယ်ဒိုရဲ့စံချိန်ကို ရိုက်ချိုးနိုင်မဲ့ အခွင့်အရေး ရှိနေတဲ့ ယူနိုက်တက် တိုက်စစ်သမား ဂါနာချို
အလီဂျန်ဒရိုဂါနာချိုက မန်ချက်စတာယူနိုက်တက်တွင် ဆက်ကစားသွားမယ်လို့ ပြောကြားလာပါတယ်။ အာဂျင်တီးနားပါရမီရှင်တိုက်စစ်သမားဟာ ယခုရာသီတွင် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့စံချိန်တစ်ခုကို ရိုက်ချိုးနိုင်မဲ့ အခွင့်အရေး ရရှိထားသူလည်း ဖြစ်ပါတယ်။
သူဟာ ခရစ္စတီယာနိုရော်နယ်ဒိုနှင့် နှိုင်းယှဉ်ခြင်းခံခဲ့ရသူ ဖြစ်ပြီး ပေါ်တူဂီစူပါစတားရဲ့စံချိန်များထဲမှ တစ်ခုကို ရိုက်ချိုးနိုင်မဲ့ အခွင့်အရေး ပိုင်ဆိုင်ထားတာပါ။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတုန်းက ရော်နယ်ဒိုရဲ့ ဖန်တီးမှုဖြင့် ယူနိုက်တက်အတွက် ပထမဆုံးဂိုးအား သွင်းယူနိုင်ခဲ့တဲ့ ဂါနာချိုဟာ ပြီးခဲ့တဲ့အပတ် ဘရန့်ဖို့ဒ်နှင့်ပွဲစဉ်တွင် ဂိုးသွင်းနိုင်ခဲ့ပြီးနောက် အသက် ၂၁ နှစ်မပြည့်မီ ရော်နယ်ဒိုရဲ့ ပရီးမီးယားလိဂ်ဂိုးတွင် ပါဝင်ပတ်သက်မှု ၂၅ ကြိမ် မှတ်တမ်းအား လိုက်မီရန် ၁ ကြိမ်တည်းသာ လိုပါတော့တယ်။
ဂါနာချိုဟာ လာမယ့် ဇူလိုင်လ မွေးနေ့မတိုင်မီ ပရီးမီးယားလိဂ်ပွဲ ၃ ပွဲကစားရန် ကျန်ရှိနေသေးပြီး ယင်း ၃ ပွဲတွင် ရော်နယ်ဒိုရဲ့စံချိန်ကို ရိုက်ချိုးရေး ကြိုးပမ်းရပါမယ်။
ဂါနာချိုက “ကိန်းဂဏန်းတွေကို အာရုံမစိုက်ပါဘူး။ ခရစ္စတီယာနို ဒီမှာ ကစားတုန်းက သူက ကွဲပြားတဲ့ကစားသမားပါ။ ပွဲတွေကလည်း ကွဲပြားနေပါတယ်။ ကျွန်တော်က အသင်းကို ကူညီချင်တယ်၊ နိုင်ပွဲတွေ ရရှိစေချင်တယ်။ အခွင့်အရေးတွေ လွဲချော်ချိန်ဦ၊ အမှားမှား အယွင်းယွင်းတွေ ဖြစ်ချိန်မှာ ကျွန်တော်တို့ ပိုလေ့ကျင့်ခန်းဆင်းတယ်။ ကျွန်တော်တို့အားလုံး တိုးတက်နေတယ်လို့ ထင်တယ်။ ပိုကောင်းအောင် လုပ်ဖို့လည်း ကြိုးစားပါဦးမယ်”လို့ ပြောကြားသွားပါတယ်”လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် အေမိုရမ်က နည်းပြရူဘင်အေမိုရမ်ရဲ့ ၃-၄-၃ ကစားကွက်တွင် အသားကျရန်အတွက် အချိန်ယူခဲ့ရကြောင်းလည်း ဆိုသွားပါတယ်။
၎င်းက “ရာသီတစ်ဝက်ကာလမှာ နည်းပြသစ်ရောက်လာတာ ဆိုတော့ အားလုံးအတွက် ခက်ခဲခဲ့ကြတယ်။ ကစားကွက်ပြောင်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နေ့တိုင်း တိုးတက်နေတာပါ။ ပြီးတော့ နည်းပြကလည်း ကစားသမားတွေရဲ့စရိုက်ကို သိတယ်။ ကစားသမားတွေအပေါ် အခြေတည်ပြီး ကြိးစားတယ်။ အသင်းလိုက်အနေနဲ့လည်း တိုးတက်တယ်”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ နွေရာသီတွင် ကစားသမားခေါ်ယူအားဖြည့်မှုများ ပြုလုပ်ရန် ကစားသမားများ ရောင်းချရမဲ့အရေးနှင့် ရင်ဆိုင်နေရပါတယ်။
ဒါပေမဲ့ ဂါနာချိုက ယူနိုက်တက်မှ ဘယ်ကိုမှ ထွက်ခွာသွားမှာ မဟုတ်ကြောင်း ပြောကြားသွားပါတယ်။
ဂါနာချိုက “ဘောလုံးသမားတစ်ယောက်အနေနဲ့ ကောလာဟလသတင်းကတော့ အမြဲကြားနေရတာပါပဲ။ ဒါပေမဲ့ ကျွန်တော်က ၂၀၂၈ ခုနှစ်အထိ စာချုပ်ရှိတဲ့သူပါ။ ဒီမှာ ပျော်ပါတယ်”လို့ ပြောကြားသွားပါတယ်။