ဘက်ခမ်းနဲ့ နှိုင်းခံရအောင် အစွမ်းပြသွားတဲ့ မေဆန်မောင့်နဲ့ ယူရိုပါလိဂ် ဖိုင်နယ် ထိုက်ထိုက်တန်တန် တက်သွားတဲ့ ယူနိုက်တက်
ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဒုတိယအကျော့ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ဘီဘာအိုကို ၄-၁ နဲ့ ထပ်မံအနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၇-၁ နဲ့ ဖိုင်နယ်တက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဘီဘာအိုက ပွဲချိန် ၃၁ မိနစ်မှာ အရင် ဦးဆောင်ဂိုး သွင်းခဲ့တာ ဖြစ်ပြီး ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ လူစားလဲမှုတွေ မှန်ကန်စွာ ပြုလုပ်ကာ ဂိုးတွေ တောက်လျောက် ပြန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား မေဆင်မောင့် ဟာ ဒီ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။
မေဆင်မောင့် ရဲ့ ဒုတိယဂိုးဟာ ကွင်းလယ်လောက်ကနေ ကန်သွင်းပြီး ရယူခဲ့တာဖြစ်ကာ မန်ချက်စတာယူနိုက်တက်ဂန္ထဝင် ကစားသမားဟောင်းကြီး ဒေးဗစ် ဘက်ခမ်းရဲ့ ဂိုးလိုမျိုး ဆင်တူခဲ့တယ်လို့ ချီးကျူးပြောဆိုခဲ့ကြပါတယ်။
ကျန်ဂိုးတွေကိုတော့ ကပ်ဆီမီရို က တစ်ဂိုးနဲ့ ဟွိုင်လန်းက တစ်ဂိုး အသီးသီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက် ဗိုလ်လုပွဲ တက်သွားသလို တဖက်မှာ စပါးကလည်း ဘိုဒိုဂလင့်ကို ဝ-၂ နဲ့ ထပ်မံအနိုင်ယူပြီး နှစ်ကျော့ပေါင်း ၁-၅ နဲ့ ဖိုင်နယ် တက်လှမ်းလာခဲ့တာကြောင့် ပရီးမီးယားလိဂ် ကလပ် နှစ်သင်း ဖလား လုရတော့မှာ ဖြစ်ပါတယ်။