မန်ယူ၊ ရီးရဲလ်၊ ဘာစီလိုနာတို့ အပြိုင်ချိတ်နေတဲ့ ပြောင်းရွှေ့ကြေးလွတ် ဝါရင့် နောက်ခံလူ
မန်ချက်စတာ ယူနိုက်တက် ၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် စတဲ့ ထိပ်သီး အသင်း သုံးသင်းစလုံးက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမယ့် လေဗာကူဆင် နောက်ခံလူ ဂျိုနသန် တာ့ချ်ကို ခေါ်ယူဖို့ အပြိုင် ကြိုးစားနေကြပါတယ်။
တာ့ချ်ဟာ ထိပ်တန်းအဆင့်ရှိ နောက်ခံကစားသမား တစ်ယောက် ဖြစ်သလို အသင်းကြီးတိုင်းရဲ့ ချိတ်ဆက်မှုတွေ လက်ခံရရှိထားသူ တစ်ယောက် ဖြစ်ပြီး အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို တရားဝင် ငြင်းဆန်ပယ်ချပြီး အသင်းပြောင်းဖို့ အသိပေးထားပါတယ်။
တာ့ချ်ဟာ အသင်းမှ အလွတ်ထွက်ခွါလိုနေတာကြောင့် ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီ အသင်းပြောင်းဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပြီး အဓိက ပြိုင်ဘက် ဘိုင်ယန်အသင်းထံ ရောက်ဖို့လည်း သတင်းထွက်ပေါ်နေပါတယ်။
ဘာစီလိုနာအသင်းကတော့ တာ့ချ်နဲ့ ပြီးခဲ့တဲ့ ဆောင်းရာသီမှာကတည်းက သတင်းထွက်ပေါ်ခဲ့ဖူးတာ ဖြစ်ပြီး အဆိုပါ အချိန်တုန်းက လစာအနေအထား ကန့်သက်ချက်တွေကြောင့် တာ့ချ်ကို ခေါ်ယူဖို့ နောက်ဆုတ်ခဲ့ရဖူးပါတယ်။
လက်ရှိ အနေအထားများအရ အသက် ၂၉ နှစ်အရွယ် နောက်ခံလူကို အသင့်စောင့်ကြိုချင်နေကြတဲ့ အသင်းတွေ အတော်များပြားနေပြီး လေဗာကူဆင် နည်းပြ အလွန်ဆို ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ရီးရဲလ်အသင်းထံရောက်ဖို့လည်း ခန့်မှန်းမှုတွေ ရှိနေကြပါတယ်။