ယူနိုက်တက်ကို နစ်နာကြေးပေးကာ ဆန်ချိုကို မဝယ်ဘဲ ပြန်ပို့လာမဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ဂျာဒွန်ဆန်ချိုအား အပြီးသတ် ခေါ်ယူလာမှာ မဟုတ်ဘဲ နစ်နာကြေး ပေါင် ၅ သန်းပေးကာ ယူနိုက်တက်ထံသို့ ပြန်ပို့လာပါမယ်။

ဆန်ချိုဟာ ယခုရာသီတွင် ယူနိုက်တက်မှ ချဲလ်ဆီးသို့ အငှားဖြင့် သွားရောက် ကစားနေသူ ဖြစ်ပြီး အစောပိုင်း ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ ထင်မှတ်ထားသလောက် လုပ်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။

သူဟာ ချဲလ်ဆီးအတွက် ပွဲ ၄၀ ကစားထားရာမှာ ၄ ဂိုးသွင်း ၁၀ ကြိမ် ဖန်တီးမှုသာ ပြုလုပ်ထားနိုင်ပါတယ်။ ဒါကြောင့်လည်း ချဲလ်ဆီးဟာ ဆန်ချိုအား အပြီးသတ်ခေါ်ယူရေးအပေါ် နောက်တွန့်နေတာပါ။

ချဲလ်ဆီးဟာ ဆန်ချိုကို အငှားဖြင့် ခေါ်ယူစဉ်တုန်းက အငှားစာချုပ်တွင် အပြီးသတ်ခေါ်ယူမဲ့အချက်ကို ထည့်သွင်းထားပါတယ်။ တဖက်မှာလည်း ယူနိုက်တက်က ချဲလ်ဆီးအနေဖြင့် ဆန်ချိုကို အပြီးသတ် မခေါ်ယူလျှင် ပေါင် ၅ သန်းပေးရမယ်ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။

ယခု The Mirror က ချဲလ်ဆီးဟာ ဆန်ချိုအတွက် နစ်နာကြေး ပေါင် ၅ သန်းပေးကာ ယူနိုက်တက်သို့ ပြန်ပို့လာမယ်လို့ ဖော်ပြသွားပါတယ်။

တဖက်တွင် ရူဘင်အေမိုရမ်ကလည်း အသက် ၂၅ နှစ်ရှိတောင်ပံကစားသမားဆန်ချိုကို အသင်းမှာဆက်ထားလိုခြင်း မရှိပါဘူး။ ကံကောင်းတာကတော့ ဆန်ချိုအား ခေါ်ယူလိုနေတဲ့ ကလပ်အချို့ ရှိနေတာပါ။

အသင်းဟောင်းဒေါ့မွန်အပြင် လေဗာကူဆင်က ဆန်ချိုအား ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။ ဒါပေမဲ့ ဂျာမန်ကလပ်များဟာ ဆန်ချိုရဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ အား တတ်နိုင်ခြင်း မရှိပါဘူး။

ယူနိုက်တက်ကတော့ ဆန်ချိုကို ပေါင်သန်း ၂၀ ဝန်းကျင် ရရှိလာပါက ရောင်းချလာပါမယ်။

ယူနိုက်တက်ဟာ လွန်ခဲ့တဲ့လေးနှစ်တုန်းက ဆန်ချိုကို ဒေါ့မွန်မှ ခေါ်ယူစဉ်တုန်းက ပေါင် ၇၃ သန်းအထိ သုံးခဲ့ရပါတယ်။
လေဗာကူဆင်ဟာ အရေးပါတဲ့ တိုက်စစ်သမားဖလိုရီယမ်ဝါ့ဇ်ကို ဥရောပထိပ်သီးကလပ်များက ခေါ်ယူလိုနေမှုနှင့်အတူ တိုက်စစ်ကို အားဖြည့်ရမဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဖလိုရီယမ်ဝါ့ဇ်ကို မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေကြပါတယ်။