ယူနိုက်တက် ဘာကြောင့် ယူရိုပါလိဂ် ရကို ရ ရမလဲ ယတိပြတ် သုံးသပ်လိုက်တဲ့ ပေါလ် စခိုး
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တော့တင်ဟမ်ဟော့စပါးတို့ တွေ့ဆုံယှဉ်ပြိုင်ကြမယ့် လာမယ့်အပတ် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရမယ့်အသင်းကို ပေါလ် စခိုးက ခန့်မှန်းမှု ပြုလုပ်ခဲ့ပါတယ်။
နှစ်သင်းစလုံးဟာ ပရီးမီးယားလိဂ်မှာ စိတ်ပျက်စရာကောင်းတဲ့ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အပတ်တိုင်းနီးပါး မလိုချင်တဲ့ စံချိန်ဆိုးတွေ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လာမယ့်အပတ် ဘီလ်ဘာအိုမှာ ဒီရာသီကို အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ အဆုံးသတ်ခွင့်ရစေမယ့် အခွင့်အရေးရှိနေကြပြီး ယူရိုပါလိဂ်ဖလားသာရခဲ့ရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာဖြစ်ပါတယ်။
စပါးစ်ကတော့ စပိန်ကို မန်ချက်စတာယူနိုက်တက်ထက် နည်းပါးတဲ့ ဖိအားနဲ့ လာရောက်ယှဉ်ပြိုင်မှာ သေချာပြီး အမိုရင်က သူ့ရဲ့အသင်း လိဂ်အမှတ်ပေးဇယားက ရပ်တည်မှုဟာ အရှက်ရစရာအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ ပိုစတီကိုဂလူကတော့ အနာဂတ်နဲ့ပတ်သက်ပြီး မရေရာမသေချာမှုတွေ ရှိနေပေမယ့်လည်း ပြီးခဲ့တဲ့အပတ်တွေမှာ ပိုပြီး သက်တောင့်သက်သာရှိခဲ့တာဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါးရဲ့ ပွဲထွက်လူစာရင်းက မန်ချက်စတာယူနိုက်တက်ထက် ပိုအားကောင်းတယ်ဆိုပေမယ့်လည်း ပေါလ် စခိုးက သရဲနီတွေရဲ့ သမိုင်းကြောင်းက ဖလားရရှိစေမယ့်နည်းလမ်းအတွက် အဆုံးအဖြတ်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“ကျွန်တော့်အနေနဲ့ မန်ချက်စတာာယူနိုက်တက်က ယူရိုပါလိဂ်ဖလားကို ဘာကြောင့်အနိုင်ရသင့်လဲဆိုတာနဲ့ပတ်သက်ပြီး မကြာသေးမီက အတွေ့အကြုံနဲ့ သမိုင်းကြောင်းထက်ပိုပြီး ယုတ္တိတန်တဲ့အကြောင်းပြချက်ပေးစရာမရှိပါဘူး။
ပြီးခဲ့တဲ့ ၅ နှစ်က ရီးရဲမက်ဒရစ်ကို ကြည့်လိုက်ပါ။ သူတို့တွေက အချိန်တော်တော်များများမှာ အရမ်းကောင်းတဲ့အသင်းမဟုတ်ခဲ့ပေမယ့် သမိုင်းကြောင်းက သူတို့ကို ဖလားရစေခဲ့တယ်။
လက်တွေ့ကျကျ ကြည့်မယ်ဆိုရင် သူတို့(စပါးစ်) အနိုင်ရသင့်ပါတယ်။ ပြီးခဲ့တဲ့ ၃ ပွဲစလုံးမှာ ကျွန်တော်တို့ကို အနိုင်ယူခဲ့တာလေ။ စပါးစ်က အဲဒီညမှာ အကောင်းဆုံးအသင်းဖြစ်ပြီး တကယ်ကောင်းကောင်း ကစားနိုင်ကောင်း ကစားနိုင်ပေမယ့် ကျွန်တော်တို့အသင်းကပဲ ဖလားရသွားမှာပါ။
ကျွန်တော်တို့ နိုင်ပွဲရခဲ့တဲ့ ၁၀ ကြိမ်၊ ၁၅ ကြိမ်လောက်ကို ပြန်ကြည့်ရင် အဲဒါကို တွေ့ခဲ့ရပါတယ်။ အဲဒီအတိုင်းပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။