မန်ချက်စတာ ယူနိုက်တက်ကို အမိုရင်ထက် သာအောင် သူ နည်းပြနိုင်တယ် ဆိုတဲ့ ရှောင်ဒိုက်

အဲဗာတန် အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံထားရတဲ့ နည်းပြ ရှောင်ဒိုက် ကတော့ သူ မန်ယူအသင်းကို နည်းပြလိုနေကြောင်း အတိအလင်း ဖွင့်ဟလာခဲ့ပါတယ်။

မန်ယူအသင်းနည်းပြ အမိုရင်ရဲ့ အနာဂတ် မတည်ငြိမ်မှုတွေကြားမှာ ရှောင်ဒိုက် က ပွဲလန့်တုန်း ဖျာဝင်ခင်းလိုက်တာ ဖြစ်ပေမယ့် ရှောင်ဒိုက် ရဲ့ ကစားကွက်က မန်ယူရဲ့ပင်တိုင် ၄-၄-၂ ဖြစ်နေတာကြောင့် အောင်မြင်မှုတွေ ပြန်လည် ရှာတွေ့လာနိုင်စရာ အကြောင်းလည်းရှိနေပြန်ပါတယ်။

ရှောင်ဒိုက် က “ အမိုရင်က သူရဲ့ ကစားကွက်ကို သူဘယ်တော့မှ ပြောင်းမယ့်လူစားမျိုး မဟုတ်ပါဘူး၊ သူ့ရဲ့ ကစားကွက်နဲ့ ပွဲအချို့မှာ ကောင်းကောင်း အနိုင်ရခဲ့တယ်ဆိုပေမယ့် ကျွန်တော်သာ အဲ့ဒီအသင်းကို သွားကိုင်တွယ်ရင် နိုင်ပွဲ ပိုရနေမှာပါ။

တကယ်က ၄-၄-၂ ကိုပဲ အခြေခံပြီး ကစားခိုင်းဖို့ပဲ လိုတာပါ၊ တကယ်တော့ နိုင်ပွဲက အဓိကပါ၊ နိုင်ပွဲရမှ ခင်ဗျား ဆက်ရှင်သန်ခွင့်ရမှာပါ၊ ကစားဟန် ဘယ်လောက်ပဲ မကောင်းဘူးပြောပြော အဲ့ဒီ ကစားကွက်နဲ့ နိုင်ပွဲတွေသာ ခင်ဗျား ရယူပြကြည့်လိုက် ၊အဲ့ဒီ ပါးစပ်တွေ အကုန်ပိတ်ကုန်ကြမှာပါ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ အမိုရင် လက်ထက် ကစားခဲ့တဲ့ ၂၅ ပွဲမှာ စုစုပေါင်း ၂၄ မှတ်သာ ရယူနိုင်ခဲ့တာကြောင့် အတော်လေးကို အဆင်မပြေတဲ့ ရလဒ်မျိုးဖြစ်နေပြီး တန်းဆင်းဇုန်တိုက်ပွဲ စောစီးစွာ ပြီးဆုံးခဲ့လိုသာ ယခုအချိန်အထိ မန်ယူအသင်းပရိသတ်တွေ ခံသာနေရတာ ဖြစ်ပါတယ်။