မန်ချက်စတာ ယူနိုက်တက် နည်းပြရာထူးမှ နှုတ်ထွက်လုနီးပါးဖြစ်ခဲ့တဲ့ အေမိုရမ်

နည်းပြ ရူဘင်အေမိုရမ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက မန်ချက်စတာယူနိုက်တက်မှ နုတ်ထွက်လုနီးပါး ဖြစ်ခဲ့ကြောင်း သိရပါတယ်။

ယူနိုက်တက်နည်းပြဟာ အိုးထရက်ဖို့ဒ်တွင် ဆိုးရွားတဲ့ တာထွက်ကြုံခဲ့ရပြီးနောက် နုတ်ထွက်ရန် ပြင်ဆင်ခဲ့ကြောင်း ESPN ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

ယင်းကာလတုန်းက ယူနိုက်တက်ဟာ ၈ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရပြီး စိတ်ပျက်စရာ ကြုံနေခဲ့ရပါတယ်။

အေမိုရမ်ဟာ အိုးထရက်ဖို့ဒ်ကွင်းမှာ ၃-၁ ဂိုးဖြင့် ဘရိုက်တန်ကို ရှုံးနိမ့်ပြီးနောက် အဝတ်အစားလဲခန်းမှ တီဗွီကို စိတ်ပေါက်ပေါက်ဖြင့် ရိုက်ခွဲခဲ့ပါသေးတယ်။

ယင်းဖြစ်ရပ်ပြီးနောက်မှာတော့ အေမိုရမ်ဟာ အရာအားလုံး သူလုပ်သလို ဖြစ်မလာမှုနှင့်အတူ ယူနိုက်တက်ကို ကိုင်တွယ်ပြီး နှစ်လအကြာမှာဘဲ ရာထူးမှ နုတ်ထွက်ရန် အလေးအနက်ထား စဉ်းစားခဲ့ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်တာဝန်ရှိသူများက အေမိုရမ်ကို မနုတ်ထွက်ရအောင် တားဆီးနိုင်ခဲ့ကြပါတယ်။

ထိုစဉ်တုန်းက ယူနိုက်တက်စီအီးအိုအိုမာဘာရာဒါက အေမိုရမ်မှာ ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်နှင့် Ineos ရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိထားကြောင်း အာမခံခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်က အေမိုရမ်အား ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားဖြည့်တင်းမှုများ ပြုလုပ်ပေးသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဗုဒ္ဓဟူးနေ့ ဘီလ်ဘာအို ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် စပါးစ်ကို အနိုင်ရသည်ဖြစ်စေ အနိုင်မရသည်ဖြစ်စေ နွေရာသီမှာ ကစားသမားအားဖြည့်မှုများ ပြုလုပ်လာပါမယ်။

၎င်းတို့ဟာ ဝုဗ်မှ ဘရာဇီးတိုက်စစ်မှူကန်ညာကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၂ သန်းပေးပြီး ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။