မန်ချက်စတာ ယူနိုက်တက် ရမယ့် နွေ အသုံးစရိတ် ပမာဏနဲ့ အမိုရင် ရောင်းမယ့်သူများ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့တာကြောင့် လာမယ့်နွေ ကစားသမားသစ် ခေါ်ယူမှုအတွက် အသင်းဘက်က ပေါင် သန်း ၁၀၀ သာ သက်မှတ်ပေးထားပါတယ်။

ယူရိုပါလိဂ်ဖလားယူပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဖလားဝင်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့ မန်ယူအသင်း ရည်ရွယ်ခဲ့ပေမယ့် စပါးကို ရှုံးခဲ့တာကြောင့် လာမယ့်ရာသီ ပြည်တွင်းဖလားတွေကိုသာ အမိုရင်တို့ အဖွဲ့တွေ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် ပျောက်ဆုံးခဲ့ရပြီးနောက် ကစားသမားသစ်တွေ ခေါ်ယူဖို့ မန်ယူအသင်း အခက်တွေ့နိုင်သလို အသင်းရှိ ကစားသမားအချို့ကိုလည်း ဆုံးရှုံးရဖွယ်ရှိနေပြီး အသင်းအဓိက စပွန်ဆာ ADIDAS ကိုလည်း လျော်ကြေး ပေါင် ၁၀ သန်းခန့် ပေးချေရဖို့ ရှိနေပါတယ်။

မန်ယူအသင်းဟာ ကွန်ညာအတွက် ပေါင် ၆၂ သန်းကျော် အသုံးပြုမှာ ဖြစ်သလို အစ်ဝှစ်ချ်တိုက်စစ်မှူး ဒီလက်ပ်အတွက်လည်း ပေါင် သန်း ၃၀ အထိ အသုံးပြုရမှာ ဖြစ်တာကြောင့် အဆိုပါ ကစားသမား ၂ ယောက်နဲ့တင် နွေရာသီ ခေါ်ယူမှု အဆုံးသတ်ရဖွယ်ရှိနေပြီး ကစားသမားသစ် ထပ်ခေါ်လိုပါက အသင်းရှိ ကစားသမားတွေကို အရင်ရှင်းထုတ်ရမှာ ဖြစ်ပါတယ်။

မန်ယူအသင်းနည်းပြ အမိုရင်ဟာ လာမယ့်နွေ ကာဆာမဲရိုး၊ အိုနာနာ၊ လုခ်ရှော၊ ဟော့ဂျ်လန်းတို့ကို ရောင်းချပေးဖို့ အသင်းထံ အသိပေးထားကြောင်း သိရပါတယ်။

ဟော့ဂျ်လန်းကတော့ လက်ရှိရာသီ အတော်လေး ရုန်းကန်နေရတာကြောင့် စီးရီးအေကိုပဲ ပြန်လည် သွားရောက်ကစားဖို့ ဆန္ဒရှိနေပါတယ်။

ဖာနန်ဒက်စ်ကလည်း လာမယ့်နွေ အသင်းမှ ထွက်ခွါဖို့ စဉ်းစားနေပြီး အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ခတ္တ ဆိုင်းငံ့လိုက်ကြောင်း သိရပါတယ်။