အဆိုးဆုံး ဘောလုံးရာသီ ကြုံရပေမဲ့ တန်ဖိုးတက်လာတဲ့ မန်ချက်စတာ ယူနိုက်တက် ကလပ်အသင်း

မန်ချက်စတာ ယူနိုက်တက်ဟာ ၂၀၂၄-၂၅ ရာသီတွင် ကွင်းအတွင်း ရုန်းကန်ခဲ့ရပေမဲ့လည်း ဘောလုံးသမိုင်းတွင် ဒုတိယ တန်ဖိုးအရှိဆုံးကလပ်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Forbes က ကြေညာလာတဲ့ စာရင်းတွင် ယူနိုက်တက်ဟာ တန်ဖိုး ဒေါ်လာ ၆.၆ ဘီလီယံဖြင့် ဒုတိယနေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပြီး ၂၀၂၃-၂၄ ရာသီတုန်းက ဒေါ်လာ ၈၃၄ သန်း ရရှိခဲ့ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ၂၀၂၃-၂၄ ရာသီတွင် အဆင့် ၈ နေရာမှာသာ ရပ်တည်ခဲ့ရပေမဲ့လည်း ကလပ်တန်ဖိုး ၁ ရာခိုင်နှုန်းတိုးလာကြောင်း Forbes ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ယူနိုက်တက်ဟာ ၂၀၂၃-၂၄ ရာသီတုန်းက အက်ဖ်အေဖလား ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ ၂၀၂၄-၂၅ ရာသီမှာတော့ ပရီးမီးယားလိဂ်တွင် အဆင့် ၁၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်နိုင်ခဲ့ပါတယ်။
ရူဘင်အေမိုရမ်ရဲ့ ယူနိုက်တက်ဟာ လာမယ့်ရာသီ ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိထားခြင်း မရှိပါဘူး။

Forbes ရဲ့ တန်ဖိုးအရှိဆုံးကလပ်စာရင်းတွင် ရီးရဲလ်မက်ဒရစ်က ဒေါ်လာ ၆.၇၅ ဘီလီယံဖြင့် ရပ်တည်နေပြီး ဘာစီလိုနာက တတိယနေရာမှာ ရပ်တည်နေပါတယ်။

မန်စီးတီးဟာ ၂၀၂၃-၂၄ ရာသီတွင် ဝင်ငွေ ဒေါ်လာ ၉၀၁သန်းဖြင့် ဝင်ငွေအကောင်းဆုံးဒုတိယကလပ်အဖြစ် ရပ်တည်နိုင်ခဲ့ပေမဲ့လည်း တန်ဖိုး ဒေါ်လာ ၅.၃ ဘီလီယံဖြင့် တန်ဖိုးအရှိဆုံးကလပ်စာရင်းတွင် အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

လီဗာပူးက တန်ဖိုး ဒေါ်လာ ၅.၄ ဘီလီယံ၊ ၂၀၂၃-၂၄ ရာသီဝင်ငွေ ဒေါ်လာ ၇၇၃ ဖြင့် ကမ္ဘာ့တန်ဖိုးအရှိဆုံးကလပ်စာရင်းတွင် အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။