မန်ချက်စတာ ယူနိုက်တက် ထံ ပြောင်းရွှေ့လာချင်နေတဲ့ ဘရန်းဖို့ဒ်ကြယ်ပွင့် တိုက်စစ်မှုး

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘရန်းဖို့ဒ်အသင်းတိုက်စစ်မှူး အမ်ဘီယူမို ကို တစ်ပါတ် လုပ်ခ ပေါင် ၂ သိန်းခွဲ အထိ ပေးချေသွားဖို့ စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ အထိ သွင်းယူခဲ့တဲ့ အဆိုပါ တိုက်စစ်မှူးဟာ ထိပ်သီးကလပ် အတော်များများရဲ့ ပစ်မှတ်ဖြစ်နေပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ အထက် တန်ကြေး သက်မှတ်ခံထားရပါတယ်။

အမ်ဘီယူမိုကတော့ အမိုရင်ရဲ့ စီမံကိန်းကို စိတ်ဝင်စားနေတာကြောင့် မန်ယူအသင်းထံ ပြောင်းရွှေ့ချင်နေသလို လက်ရှိ လုပ်ခရဲ့ ၅ ဆ ပမာဏအထိပါ ရရှိနိုင်တာကြောင့် အတော်လေးကို ဆန္ဒပြင်းပြနေပါတယ်။

မန်ယူအသင်းဟာ အသင်းရဲ့ လုပ်ခမြင့် ကစားသမားတွေဖြစ်တဲ့ တစ်ပါတ် ပေါင် ၃သိန်းဝန်းကျင်တန် ဆန်ချို နဲ့ ရက်ရှ်ဖို့ဒ်တို့ကို ရှင်းထုတ်ဖို့ ရှိနေတာကြောင့် လစာငွေ သုံးဖို့ ပိုထွက်လာမှာပါ။

ဒါကြောင့် တိုက်စစ်မှုး အမ်ဘီယူမိုကို စိတ်ကြိုက်လစာတစ်ရပ် ပေးချေသွားနိုင်ပြီး ကစားသမားဘက်က အသင်းထံ ပြောင်းရွှေ့ဖို့ လွယ်လွယ်ကူကူ ခေါင်းညိမ့်ဖို့သာ လိုအပ်နေတာတွေ့ရပါတယ်။