ဆန်ချိုအတွက် ကစားသမား ၂ ဉီးထိ အလိုက်ပေးဖို့ ဂျူဗင်တပ်အသင်း ပြင်ဆင်
စီးရီးအေ ထိပ်သီး ဂျူဗင်တပ်အသင်းဟာ မန်ယူအသင်းတောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့အတွက် အသင်းကစားသမား ၂ ဉီးအထိ အလိုက်ပေးလိုနေကြောင်း သတင်းရရှိပါတယ်။
ဂျူဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကတည်းက ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပေမယ့် ဆွေးနွေးမှု အဆင်မပြေ ဖြစ်ခဲ့တာကြောင့် နောက်ဆုတ်နေခဲ့ရတာ ဖြစ်ပြီး ယခုတစ်ခေါက်မှာတော့ ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ဂျူဗင်တပ်အသင်း အလိုက်ပေးမယ့် ကစားသမား ၂ ဉီးကတော့ အသင်းတိုက်စစ်မှူး ဗလာဟိုဗစ် နဲ့အတူ အက်စ်တွန်ဗီလာ ကွင်းလယ်ကစားသမားဟောင်း ဒေါက်ဂလက်စ် လူးဝစ်ဇ်တို့ဖြစ်ပြီး အဆိုပါ ကစားသမား ၂ ယောက်စလုံးက အသင်းစီမံကိန်းနဲ့ အံဝင်ခွင်ကျခြင်း မရှိတော့တာကြောင့် ရှင်းထုတ်လိုနေတာ ဖြစ်ပါတယ်။
ဂျူဗင်တပ်အသင်းဟာ အဆိုပါ ကစားသမား ၂ ယောက်ကို ခေါ်ယူခဲ့စဉ်တုန်းက ပေါင် သန်း ၁၀၀ ကျော်လောက်အထိ အသုံးပြုခဲ့ရပေမယ့် အသင်းကို ရောက်လာပြီးနောက်မှ ပုံမှန်ခြေပျောက်နေခဲ့တာကြောင့် အရှုံးပေါ်ခဲ့ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဆန်ချိုက နာပိုလီနဲ့လည်း သတင်းထွက်နေပေမယ့် အခုထိတော့ ကလပ်အသင်းသစ်ထံ တရားဝင် မပြောင်းရွှေ့ရသေးပါဘူး။