ယူနိုက်တက်မှာ ရာထူးသစ်နဲ့ တာဝန်ထမ်းတော့မယ့် ကွင်းလယ်ဟောင်းကြီး ဒါရင်းဖလက်ချာ
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်းဒါရင်းဖလက်ချာဟာ ယူနိုက်တက်တွင် လူငယ်အသင်းနည်းပြအဖြစ် တာဝန်သစ်မှာ ထမ်းဆောင်လာပါတော့မယ်။
ဖလက်ချာဟာ ယူနိုက်တက်စီနီယာအသင်းတွင် ရူဘင်အေမိုရမ်ရဲ့ နည်းပြအဖွဲ့တွင် ပထမအသင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ယခုအခါ သူဟာ မန်နေဂျာဖြစ်လာရေး ရည်မှန်းချက်အတွက် ပထမဆုံးခြေလှမ်းအဖြစ် ယူနိုက်တက်ယူ-၁၈ အသင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်လာတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အသင်းတွင် ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ထွက်ခွာလာတော့မဲ့ အဒမ်လောရင့်ရဲ့နေရာမှာ ဒါရင်းဖလက်ချာကို အစားထိုးခန့်အပ်လာမှာလည်း ဖြစ်ပါတယ်။
အသက် ၄၁ နှစ်ရှိ ဖလက်ချာဟာ ယူအီးအက်ဖ်အေ အေလိုင်စင် ကိုင်ဆောင်ထားသူ ဖြစ်ပြီး ရူဘင်အေမိုရမ်ရဲ့ လေ့ကျင့်ရေးအစီအစဉ်များကို လူငယ်အသင်းသို့ ယူဆောင်လာမှာလည်း ဖြစ်ပါတယ်။
ဖလက်ချာဟာ ယူနိုက်တက်အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ယူနိုက်တက်ပထမအသင်းအတွက် ပထမဆုံးအကြိမ် ကစားခွင့်ရပြီးနောက် ၂၀၁၅ ခုနှစ်အထိ ကစားခဲ့ပါတယ်။
သူဟာ ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ခါရာဘောင်ဖလား ၁ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။