အမ်ဘူမို နဲ့ ပတ်သ-တ်ပြီး သဘောထားကို ယူနိုက်တက်အား အပြတ် အသိပေးလိုက်ပြီ ဖြစ်တဲ့ ဘရန့်ဖို့ဒ်

ဘရန့်ဖို့ဒ်အသင်းက သူတို့တိုက်စစ်ကစားသမား အမ်ဘူမိုအတွက် ပေါင် ၆၅ သန်းမှ မရရင် အမ်ဘူမိုဟာ အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက်ကို သတိပေးလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ အမ်ဘူမိုကို ခေါ်ဖို့ ကြိုးပမ်းနေပြီး အမ်ဘူမိုအပြင် အက်စတွန်ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်စ်ကိုလည်း ပစ်မှတ်ထားနေပါတယ်။

ယူနိုက်တက်အသင်းဟာ အမ်ဘူမိုကို ၂ ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပြီး ပေါင်သန်း ၆၀ နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုကိုလည်း ဘရန့်ဖို့ဒ်အသင်းက ပယ်ချခဲ့ပါတယ်။

အခုလောလောဆယ် အမ်ဘူမိုရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေဆဲဆိုပေမဲ့ ဘရန့်ဖို့ဒ်အသင်း ဘောလုံးဒါရိုက်တာဖြစ်သူ ဖီးလ်ဂိုင်းစ်က အမ်ဘူမိုဟာ နောက်ရာသီအထိ အသင်းမှာ ဆက်နေသွားဖို့ရှိတယ်လို့ အရိပ်အမြွက်ထုတ်ပြောခဲ့ပါတယ်။

ဖီးလ်ဂိုင်းစ်က “ပြီးခဲ့တဲ့ရာသီမှာ အမ်ဘူမိုဟာ ပရီးမီးယားလိဂ်မှာ ဂိုး ၂၀ အထိ သွင်းခဲ့ပါတယ်။ သူ့ကို ခေါ်ဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေ အများကြီးရှိပါတယ် . .”

“အမ်ဘူမို အသင်းပြောင်းမယ်ဆိုရင်လည်း ကျွန်တော်တို့အတွက် ငွေကြေးအရ အကျိုးရှိစေနိုင်တဲ့ အနေအထားဖြစ်ဖို့ လိုပြီး အဲဒါဆို သူ့ကို ကျွန်တော်တို့ လက်လွှတ်သွားမှာပါ . .”

“ဒါပေမဲ့ နောက်ရာသီ အသင်းမှာ အမ်ဘူမို ဆက်ရှိနေမယ်ဆိုရင်လည်း ကျွန်တော့် အရမ်းအံ့သြနေမှာ မဟုတ်ဘဲ ကျေနပ်လက်ခံသွားမှာဖြစ်ပါတယ်။ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရတာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်သူ အမ်ဘူမိုကို စပါးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ အမ်ဘူမိုကတော့ ယူနိုက်တက်ကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ ဘရန့်ဖို့ဒ်အသင်းတာဝန်ရှိသူတွေကို အသိပေးထားပြီးဖြစ်ပါတယ်။