ဆန်ချိုအတွက် ဂျူဗင်တပ် ကစားသမား ၃ ဉီး အလိုက်ပေးစေလိုနေတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တောင်ပံ ကစားသမား ဆန်ချိုကို ဂျူဗင်တပ်အသင်းထံ ရောင်းချဖို့ စီစဉ်နေပေမယ့် ဂျူဗင်တပ် အသင်းထံမှ ကစားသမား ၃ ဉီးအထိ အလိုက်ပြန်လည် တောင်းဆိုဖို့ ပြင်ဆင်နေပါတယ်။
ဂျူဗင်တပ်အသင်းက ဆန်ချိုကို စိတ်ဝင်စားနေကြောင်း ဆက်တိုက် သတင်းတွေထွက်ပေါ်နေချိန်မှာ မန်ယူအသင်းက ဗလာဟိုဗစ် နဲ့ ဒေါက်ဂလက်စ်လူးဝစ် အပါအဝင် အခြား ကစားသမား ၁ ဉီးကို အလိုက်အနေနဲ့ ပြန်လည် တောင်းဆိုထားကြောင်း သတင်းရရှိပါတယ်။
ဆန်ချိုကို ခေါ်ယူဖို့ အသင်းအတော်များများ စိတ်ဝင်စားနေချိန်မှာ မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းကလည်း တစ်သင်းအပါအဝင် ဖြစ်နေပါတယ်။
ဒါပေမယ့် မန်ယူအသင်းဘက်ကတော့ ဂျူဗင်တပ်အသင်းထံမှ ကစားသမား ၃ ဉီးခန့် ပြန်လည် ရရှိနိုင်ပါက ဆန်ချိုကို လက်လွှတ်ပေးသွားဖို့ ရှိနေပါတယ်။
ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီ ချဲလ်ဆီးထံ အဌားထွက် ကစားခဲ့ပေမယ့် ထင်သလောက် မလုပ်ပြနိုင်ခဲ့ပြီးနောက်မှတော့ အသင်းဟောင်း မန်ယူအသင်းထံ ပြန်လည် လာရောက် ပူးပေါင်းနေရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။