မန်ချက်စတာယူနိုက်တက် ထံ ရောက်ရှိလာတဲ့ လူငယ်ကြယ်ပွင့်နောက်ခံလူသစ်
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသက် ၁၈ နှစ်အရွယ် ဘယ်နောက်ခံအစွန်လူ လီယွန်ကို ပေါင် ၇ သန်းနဲ့ ခေါ်ယူအားဖြည့်နိုင်ခဲ့ပါတယ်။
အလားအလာများစွာ ရှိနေတဲ့ အဆိုပါ ကြယ်ပွင့်ကို ခေါ်ယူဖို့ အသင်းကြီးအတော်များများ ကြိုးစားနေကြတာ ဖြစ်ပြီး နောက်ဆုံးမှာတော့ မန်ယူအသင်းက အဆိုပါ ပါရာဂွေး လူငယ်လက်ရွေးစင်ကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လီယွန်က “ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်၊ ဒီအသင်းမှာ ကစားဖို့ဆိုတာက ကစားသမားတိုင်းရဲ့ အိမ်မက်တစ်ခုပါပဲ၊ ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်လာပြီဆိုကတည်းက လျှင်လျှင်မြန်မြန် ရင့်ကျတ် အသားကျနိုင်ဖို့ လိုအပ်နေပါတယ်။
ဒီအသင်းကို ပြောင်းခွင့်ရတာက ကြီးမားတဲ့ အခွင့်အရေးတစ်ခုပါပဲ၊ ကျွန်တော် အဌားပြန်ထွက်ရဖို့ လူတိုင်း ထင်ကြေးပေးနေကြပေမယ့် ကျွန်တော်ကတော့ ရာသီအကြိုပွဲစဉ်တွေမှာကတည်းက အသင်းကနေ အဌားမထွက်ရအောင် ကြိုးစားသွားမှာပါ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
လီယွန်ဟာ ပြီးခဲ့တဲ့ရာသီ အသင်းဟောင်း ပေါ်တီနိုအတွက် ၃၃ ပွဲ ကစား သွင်းဂိုး ၄ ဂိုး သွင်းယူပေးနိုင်ခဲ့သူ တစ်ယောက်ပါ။
၎င်းက လာမယ့် စက်တင်ဘာမှာတော့ လက်ရွေးစင် အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရဖို့ လျာထားခြင်း ခံထားရပါတယ်။