ယူနိုက်တက် အပယ်ခံ အသင်းသားကို ခေါ်ယူဖို့ အမှန်တကယ် ကမ်းလှမ်းမယ့် ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အပယ်ခံ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အမှန်တကယ်စိတ်ဝင်စားနေခဲ့ပြီး ခိုင်မာတဲ့ကမ်းလှမ်းမှု ပြုလုပ်ဖို့ ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် မန်ချက်စတာအကယ်ဒမီထွက်ဟာ အမိုရင်လက်အောက်မှာ ချောင်ထိုးခံခဲ့ရပြီး ပြီးခဲ့တဲ့ရာသီ ဒုတ်ယပိုင်းကို အက်စတန်ဗီလာမှာ အငှားထွက်ကစားခဲ့ရတာဖြစ်ပါတယ်။
ဒီနွေရာသီမှာ အင်္ဂလန်တိုက်စစ်မှူးက မန်ယူနိုက်တက်ကို ကျိန်းသေပေါက် စွန့်ခွာမှာဖြစ်ပြီး ဘာစီလိုနာကို ပြောင်းဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဟာ အမိုရင်လက်အောက်မှာ သူ့အတွက် အနာဂတ်မရှိတော့ဘူးဆိုတာကို နားလည်နေပြီး ဒီနွေရာသီမှာ အသင်းကထွက်ချင်တဲ့ဆန္ဒကိုလည်း အသိပေးထားပြီးဖြစ်ပါတယ်။
ဂျာနယ်လစ် ခရစ်ရှန် ဖော့ခ်ရဲ့ပြောကြားချက်အရ သရဲနီတွေဟာ ရက်ရှ်ဖို့အတွက် ယူရို ၄၅ သန်း တောင်းဆိုသွားမယ်လို့ သိရပြီး ဘိုင်ယန်အနေနဲ့ အင်္ဂလန်တိုက်စစ်မှူးအတွက် အဲဒီပမာဏကို သုံးစွဲသွားရမှာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဟာ ဘိုင်ယန်ရဲ့ ပစ်မှတ်ထဲမှာ ရှိနေခဲ့တာ ကြာပြီဖြစ်ပြီး အရင်တုန်းကတော့ ဈေးကြီးတဲ့ ရွေးချယ်စရာအဖြစ် ရှုမြင်ခြင်း ခံခဲ့ရပေမယ့် လကိရှိမှာတော့ အင်္ဂလန်တိုက်စစ်မှူးက ဈေးသက်သက်သာသာနဲ့ ခေါ်ယူလို့ရနိုင်တဲ့ အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။
လီရွိုင်း ဆာနေးနဲ့ သောမတ်စ် မူလာတို့ ထွက်ခွာပြီးနောက်ပိုင်း ဘိုင်ယန်အတွက် တိုက်စစ်ကစားသမားခေါ်ယူဖို့က ထိပ်တန်းဦးစားပေးဖြစ်လာပြီး ဂျမဲ မူစီအားလားကလည်း ကာလရှည် အနားယူရနိုင်တဲ့ ဒဏ်ရာရရှိခဲ့တာကြောင့် ဂျာမန်ကလပ်အတွက် တိုက်စစ်မှာ အရည်အသွေးရှိတဲ့ကစားသမားမျိုး လိုအပ်လာတာဖြစ်ပါတယ်။
ရက်ရှ်ဖို့က ဘိုင်ယန်မြူးနစ်အတွက် ကွက်တိအံဝင်မယ့်ကစားသမားမျိုးဖြစ်နိုင်ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံတွေဟာ ကစားသမား အများအပြားနဲ့ သတင်းထွက်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ရွေးချယ်စရာတွေကို လျှော့ချလိုက်ပီး ပစ်မှတ်တွေကို ခိုင်မာတဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ရက်ရှ်ဖို့က ဘယ်တောင်ပံမှာရော အထောင်တိုက်စစ်မှုးအဖြစ်ပါ ကစားနိုင်ပြီး အထောင်တိုက်စစ်မှူးရဲ့နောက်က ကျောနံပါတ် ၁၀ အဖြစ်လည်း ကစားပေးနိုင်တာဖြစ်ပါတယ်။
သီအိုရီအရတော့ ရကိရှ်ဖို့ဟာ ဗင်းဆင့် ကွန်ပနီလက်အောက် ဘိုင်ယန်မြူးနစ်မှာ ကွက်တိ အံဝင်နေတဲ့ကစားသမားအဖြစ် ရှိနေပြီး အင်္ဂလန်တိုက်စစ်မှူးဟာ သရဲနီတွေအတွက် ပွဲ ၄၂၉ ပါဝင်ကစားပေးခဲ့ရာမှာ ၁၃၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၂၂-၂၀၂၃ ရာသီတုန်းက ပြိုင်ပွဲစုံ ဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့ပြီး ကိုယ့်စိတ်ကြိုက် ကစားခွင့်ပေးခံထားရတဲ့အချိန်ဆိုရင် ကြောက်မက်ဖွယ် ဂိုးသွင်းစွမ်းရည်ပိုင်ဆိုင်ထားတယ်ဆိုတာ ပြသခဲ့တာဖြစ်ပါတယ်။