ဂျေဒန် ဆန်ချို အသင်းသစ် ပြောင်းရွှေ့ဖို့ သဘောတူညီမှုရပြီ သတင်းထွက်ပေါ်လာ

ဂျူဗင်တပ် အသင်းဟာ ဂျေဒန် ဆန်ချိုအတွက် မန်ယူနိုက်တက်နဲ့ ယူရိုသန်း ၂၀ တန်ကြေးရှိတဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

သရဲနီတွေက ဆန်ချိုကို ဒီနွေရာသီမှာ ရောင်းထုတ်ဖို့ ကြိုးစားနေတာဖြစ်ပြီး ချဲလ်ဆီးက ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့ပြီး လျော်ကြေး ပေါင် ၅ သန်းပေးပြီး ပြန်လွှတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လမှာ ဆန်ချိုက နာပိုလီနဲ့ နှုတ်အားဖြင့် သဘောတူညီမှုရခဲ့ပေမယ့် စီးရီးအေကလပ်က မန်ယူနိုက်တက် သတ်မှတ်ထားတဲ့ ယူရို ၂၅ သန်းကို ပေးချေဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

La Stampa ရဲ့သတင်းအရ လက်ရှိမှာ ဂျူဗင်တပ်က ဒီအပတ်မှာ ဆန်ချိုအတွက် မန်ယူနိုက်တက်နဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ယူရိုသန်း ၂၀ နဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

ဆန်ချိုကလည်း တနှစ်လုပ်ခလစာ ပေါင် ၆ သန်းတန်ကြေးရှိတဲ့ စာချုပ် ချုပ်ဆိုဖို့ ဂျူဗင်တပ်နဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်ယူနိုက်တက်နဲ့ ဆန်ချိုတို့ဟာ အသက် ၂၅ နှစ်အရွယ်ကစားသမားက အိုးထရက်ဖို့ဒ်ကို စွန့်ခွာခအဖြစ် အနည်းဆုံး ယူရို ၅ သန်းတောင်းဆိုမှုကိုတော့ သဘောတူညီမှု မရခဲ့တာဖြစ်ပါတယ်။