အပယ်ခံ ကစားသမား ၅ ဦးကို ချန်ထားရစ်ခဲ့တဲ့ ယူနိုက်တက် ရဲ့ ပွဲဦးထွက် ရာသီကြို ခြေစမ်းပွဲ ခရီး

မန်ချက်စတာ ယူနိုက်တက်ရဲ့အပယ်ခံကစားသမား ၅ ဦးတို့ဟာ စနေနေ့တွင် စတော့ဟုမ်းမှာ ကစားမဲ့ လိဒ်ယူနိုက်တက်နှင့် ရာသီကြိုခြေစမ်းပွဲမှာ ပါဝင်ကစားလာကြမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ယူနိုက်တက်ရဲ့ စတော့ဟုမ်းခရီးစဉ်တွင် ကစားသမားသစ်များဖြစ်ကြတဲ့ မားသီးယပ်စ်ကန်ညာနှင့် ဒီယေဂိုလီယွန်တို့ ပါဝင်လာကြပါတယ်။

မားကပ်စ်ရက်ဖို့ဒ်၊ အလီဂျန်ဒရိုဂါနာချို၊ ဂျာဒွန်ဆန်ချို၊ အန်တိုနီနှင့် တိုင်ရဲလ်မာလာစီယာတို့ဟာ ကလပ်သစ်ရှာဖွေနေစဉ်အတွင်း ယူနိုက်တက်ရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းတွင် စနေနေ့မှ စတင်ကာ လေ့ကျင့်ခန်းဆင်းနိုင်ကြောင်း အသိပေးခြင်းခံလာရပါတယ်။

နွေရာသီတွင် ဝုဗ်မှ ပေါင် ၆၂.၅ သန်းဖြင့် ပြောင်းလာတဲ့ ဘရာဇီးတိုက်စစ်သမားကန်ညာမှာ လိဒ်နှင့်ပွဲတွင် ယူနိုက်တက်အတွက် ပထမဆုံးပွဲအဖြစ် ကစားလာဖို့ ရှိနေပါတယ်။

ယူနိုက်တက်ရဲ့ စတော့ဟုမ်းခရီးစဉ်တွင် ဒဏ်ရာရရှိနေကြကစားသမားများဖြစ်ကြတဲ့ ဂျိုရှာဇတ်ဇီး၊ အင်ဒရေအိုနာနာ၊ လီဆန်ဒရိုမာတီနက်ဇ်တို့လည်း ပါဝင်လာကြပါတယ်။

ဒါပေမဲ့ လူငယ်နောက်ခံလူဟယ်ရီအေမက်စ်မှာမူ အငှားဖြင့် ပြောင်းရွှေ့ရေး လုပ်ဆောင်နေမှုနှင့်အတူ ယူနိုက်တက်လူစာရင်းတွင် ပါဝင်လာခြင်း မရှိပါဘူး။

ရူဘင်အေမိုရမ်ဟာ စတော့ဟုမ်းခရီးစဉ်သို့ ကစားသမား ၂၉ ဦး ခေါ်ဆောင်သွားရာမှာ အခြားလူငယ်များလည်း ပါဝင်လာကြပါတယ်။

တိုက်စစ်မှူးချီဒိုအိုဘီ၊ နောက်ခံလူတေလာဖရီဒရစ်ဆင်၊ အလယ်ဆန်းကစားသမားဂျက်ဖလက်ချာ၊ ဂုဒ်ဝဲလ်ကူကွန်ကီ၊ ဆီကူးကိုဘီ၊ အီသန်ဝီလီယမ်၊ ရီစီမန်ရူနှင့် ဘင်ဒီတိုမန်တာတိုတို့လည်း ဆွီဒင်ခရီးစဉ်တွင် လိုက်ပါလာကြပါတယ်။

ယူနိုက်တက်ဟာ ဆွီဒင်ခရီးစဉ်အပြီး သုံးရက်အကြာ လာမယ့်အင်္ဂါနေ့တွင် အမေရိကန်သို့ ဆက်လက် ထွက်ခွာမှာ ဖြစ်ပြီး ယင်းတွင် ခြေစမ်းပွဲ ၃ ပွဲကစားသွားပါမယ်။

ယနေ့တွင် ဘရန့်ဖို့ဒ်မှ ခေါ်ယူရန် သဘောတူညီမှု ရရှိထားတဲ့ ကင်မရွန်းတိုက်စစ်သမားအမ်ဘူမိုမှာ အမေရိကန်ခရီးစဉ်တွင် လိုက်ပါလာဖို့ ရှိနေပါတယ်။