ဆက်စ်ကို အတွက် နောက်ဆုံး အချိန် သ-တ်မှတ်ပြီး လိုက်ပ်ဇစ်မှာ အဖြေ စောင့်ယူနေတဲ့ ယူနိုက်တက်နဲ့ နယူးကာဆယ်
မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ တာဝန်ရှိသူတွေဟာ ဆက်စ်ကို ကို ခေါ်ယူဖို့ လိုက်ပ်ဇစ်မှာ ဆက်လက်ရှိနေပြီး အပြီးသတ် ဆုံးဖြတ်ချက် ချဖို့ နောက်ဆုံးအချိန်သက်မှတ်ထားပြီး ဖြစ်ကြောင်း သတင်းရရှိပါတယ်။
နယူးကာဆယ်ဘက်က ပေါင် ၇၂ သန်း အပြင် နောက်ထပ် ပေါင် ၂.၂ သန်း နဲ့ အဆိုပါ ၂၂ နှစ်သားကို ကမ်းလှမ်းထားတာ ဖြစ်ပေမယ့် ကာယကံရှင်ကိုယ်တိုင်က မန်ချက်စတာယူနိုက်တက်အသင်းထံကိုသာ ပြောင်းချင်နေတာကြောင့် လိုက်ပ်ဇစ်တို့ဘက်က ဆုံးဖြတ်ရခက်နေပါတယ်။
မန်ယူအသင်းကလည်း နယူးကာဆယ်အသင်း ပေးချေထားတဲ့ ပမာဏဝန်းကျင် ပေးချေဖို့ အသင့်ဖြစ်နေသလို ကစားသမားနဲ့ လည်း သဘောတူညီမှုရထားပေမယ့် ကစားသမားရဲ့ ခြေစွမ်းပေါ်မူတည်ပြီး တန်ကြေးကို နှုတ်ယူလျှော့ချသွားလိုနေပါတယ်။
မန်ယူအသင်းကတော့ ကစားသမားကို ခေါ်ယူနိုင်ဖို့ အပြည့်အဝ ယုံကြည်ထားပြီး ဖြစ်သလို ကစားသမားအတွက် ပေးရမယ့် အပိုဆုကြေးက ဆုဖလားအပေါ် မူတည်တာမျိုးမဟုတ်ပဲ ကစားသမားရဲ့ ပွဲထွက်ခွင့် အရေအတွက်ပေါ် မူတည်ပြီး အပိုထပ်ဆောင်းကြေး ထပ်မံပေးချေသွားမှာ ဖြစ်ပါတယ်။
လက်ရှိ သွားရောက်ညှိနှိုင်းနေတဲ့ မန်ယူဘက်က တာဝန်ရှိသူ ခရစ်တိုဖာ ဗီဗဲလ်ဟာ ဆက်စ်ကို ကို လွန်ခဲ့တဲ့ ၂၀၁၉ တုန်းက ဆောလ်ဘတ် နဲ့ ၂၀၂၃ တုန်းက လိုက်ပ်ဇစ် အသင်းတွေထံ အရောက်ပို့ဆောင်ပေးနိုင်ခဲ့ဖူးသူ တစ်ယောက်လည်း ဖြစ်ပါတယ်။