ယိုကရက်စ် က ယူနိုက်တက်နဲ့ ပွဲ အတွက် အသင့်ပဲ ဆိုတဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာကတော့ ဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်မှူးသစ် ယိုကရက်စ်ကို အပြည့်အဝ ယုံကြည်နေပြီး ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်အတွက် အသင့်ပဲ လို့ ဖွင့်ဟလာခဲ့ပါတယ်။

ယခုနွေ အာဆင်နယ်ရဲ့ အဓိက ဉီးစားပေး ပစ်မှတ်ဖြစ်ခဲ့တဲ့ ယိုကရက်စ်ကို အာတီတာတို့ ခေါ်ယူနိုင်ခဲ့ပေမယ့် ယိုကာရက်စ်ရဲ့ ခြေစွမ်းတွေက ပရိသတ်တွေအတွက် လက်ရှိ အချိန်အထိ ကျေနပ်စရာ မဖြစ်စေနိုင်ခဲ့ပါဘူး။

စပါး၊ ဗီလာရီးရဲလ်တို့ နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ စုစုပေါင်း ၇၇ မိနစ် အထိ ကစားခဲ့တဲ့ ယိုကာရက်စ်ဟာ အာဆင်နယ်ရဲ့ သွင်းဂိုးတာဝန်တွေကို လွှဲပြောင်းရယူရတော့မယ့်သူ တစ်ယောက် ဖြစ်ပြီး စပို့တင်းအတွက်တော့ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ၉၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

အာတီတာက “ လာမယ့် ရာသီအဖွင့်ပွဲစဉ် ယူနိုက်တက်နဲ့ ကစားမယ့်ပွဲအတွက် ယိုကရက်စ် ရာနှုန်းပြည့် အသင့်ဖြစ်နေမှာပါ၊ သူ လုပ်ဆောင်ပြရမယ့် အရာတွေကိုလည်း အပြည့်အဝ နားလည်ထားပါတယ်။

သူကိုယ်တိုင်ကလည်း ယုံကြည်မှုအပြည့်ရှိတဲ့ ကစားသမားမျိုးပါ၊ သူက သူနဲ့ ကိုက်ညီတဲ့ အသင်းကို ရောက်လာတယ်ဆိုတာကိုလည်း ကျွန်တော် လုံးဝ အာမခံပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပွဲ ဘောလုံးထိချက် ၁၄ ကြိမ်သာ ရရှိခဲ့တဲ့ ယိုကာရက်စ်ဟာ ဂိုးပေါက်ကို တစ်ကြိမ်သာ ကန်သွင်းနိုင်ခဲ့သူ တစ်ယောက် ဖြစ်ပြီး အထူးသဖြင့် တန်ပြန် တိုက်စစ်တွေနဲ့ ကစားခဲ့တဲ့ ဗီလာရီးရဲလ်လိုအသင်းနဲ့ ရင်ဆိုင်အတွေ့မှာ ပိုမို ရုန်းကန်နေခဲ့ရပါတယ်။