ရာသီမစခင်မှာတင် ယူနိုက်တက် ကြယ်ပွင့်ကစားသမားကို အထူး ချီးကျူးခဲ့တဲ့ နည်းပြ အမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင် အမိုရင် ဟာ ပြီးခဲ့တဲ့ ဖီအိုရင်တီးနားနဲ့ ၁-၁ သရေကျခဲ့တဲ့ စနေနေ့ပွဲစဉ်က ယူနိုက်တက် ကစားသမားတစ်ဦးရဲ့ စွမ်းဆောင်ရည်ကို အထူးတလည် ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဂိုဆင်ရဲ့ အုန်းဂိုးကြောင့် ရခဲ့တဲ့ ချေပဂိုးကြောင့် ဖီအိုရင်တီးနားနဲ့ တဖက် ၁ ဂိုးသရေကျခဲ့ပြီးနောက် ပင်နယ်တီမှာ ၅-၄ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်နွေရာသီကစားသမားခေါ်ယူမှုအသစ်တွေဖြစ်တဲ့ ကွန်ညာနဲ့ အမ်ဘူးမိုတို့ ပွဲထွက်ပါဝင်ခဲ့ပြီး လိုက်ပ်ဇစ် ကနေ ပေါင် ၇၄ သန်းနဲ့ခေါ်ယူခဲ့တဲ့ ဆက်စ်ကိုကိုလည်း ပွဲမတိုင်ခင် ပရိသတ်တွေရှေ့ထုတ်ဖော်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ဆက်စ်ကိုက ဟွိုင်လန်းရဲ့နေရာမှာ အစားထိုးခေါ်ယူခဲ့ပုံပေါ်ပြီး ဒိန်းမတ်တိုက်စစ်မှူးက ဖီအိုရင်တီးနားနဲ့ပွဲမှာ ပွဲကစားချိန်မရခဲ့တာဖြစ်ပါတယ်။

မေဆန် မောင့်က တ်ုက်စစ်မှူးစစ်စစ် မပါတဲ့ မန်ယူနိုက်တက်ရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့တာဖြစ်ပြီး အမိုရင်က အင်္ဂလန်ကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်အားနှုန်းကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“မယုံနိုင်စရာ ကောင်းပါတယ်။ သူ အလုပ်လုပ်တဲ့ပုံစံက မယုံနိုင်စရာပါ။ ကျွန်တော် သူ့ကို အချိန်တိုင်း နေရာရွှေ့ကစားခိုင်းခဲ့ပြီး သူက နေရာတိုင်းကို ဘယ်လိုကစားရမလဲသိနေတယ်။ တခြားလူတွေအတွက်လည်း ပထမဆုံးပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ ကောင်းမွန်တဲ့ စမ်းသပ်မှုဖြစ်ခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။