ဟွိုင်လန်း ကို ကနဦး အငှား၊ အပြီး ၃၄ သန်းနဲ့ ဝယ်ယူလိုတဲ့ ကလပ်အသင်း ကမ်းလှမ်းမှု ရောက်ရှိလာ
အေစီမီလန် အသင်းဟာ မန်ယူအသင်း တိုက်စစ်မှူး ဟွိုင်လန်း ကို တစ်ရာသီ ဌားရမ်းခ ပေါင် ၄သန်းနဲ့ စတင် ကမ်းလှမ်းထားပါတယ်။
မန်ယူအသင်းဟာ ဟွိုင်လန်း ကို ပေါင် သန်း ၃၀ လောက်နဲ့တင် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပေမယ့် အဆိုပါ ပမာဏကို ပေးချေမယ့် အသင်းမျိုးမရှိသေးပါဘူး။
ဒီလို အချိန်မှာပဲ အေစီမီလန်အသင်းက ဟွိုင်လန်း ကို ကနဉီး အဌားစာချုပ် အပြီး ကစားသမားရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ကာ ပေါင် ၃၉ သန်းနဲ့ အပြီးသတ် ခေါ်ယူလိုနေပါတယ်။
ကွင်းလယ် ကစားသမား မေဆွန်မောင့်ကိုယ်တိုင်က ဟွိုင်လန်း းရဲ့ false No 9 နေရာကို ကောင်းစွာ ဝင်ရောက် ကစားနိုင်စွမ်းရှိနေသလို တိုက်စစ်မှူးသစ် ဆက်စ်ကိုကလည်း ပုံမှန်ပွဲထွက်ခွင့် အာမခံချက် ရရှိထားတာကြောင့် ဟွိုင်လန်း တစ်ယောက် အသင်းမှ ထွက်ခွါရဖို့သာ ရှိနေပါတယ်။
လက်ရှိ အပြောင်းအရွှေ့အတွင်း ဟွိုင်လန်း ကို မန်ယူအသင်းဘက်က အပြီးသတ် ရောင်းချဖို့ ပြင်ဆင်နေပေမယ့် ကစားသမားဘက်ကတော့ ပုံမှန်ပွဲထွက်ခွင့် ဆက်လက် တိုက်ပွဲဝင်လိုနေကြောင်း မကြာသေးခင်ကမှ ဖွင့်ဟထားခဲ့ဖူးပါတယ်။