နေရာဟောင်း ပြန်ပြောင်းဖို့ များနေတဲ့ ယူနိုက်တက် တိုက်စစ်မှုး ဟွိုင်လန်း
အာဆင်နယ်နဲ့ပွဲမှာ ပါဝင်လာခြင်းမရှိခဲ့တဲ့ ယူနိုက်တက် တိုက်စစ်မှုး ဟွိုင်လန်းဟာ အသင်းဟောင်း အတ္တလန္တာအသင်းထံ ပြန်လည် ပြောင်းရွှေ့ဖို့ အတော်လေးကို နီးစပ်နေပါတယ်။
ကစားသမား ကိုယ်တိုင်က လက်ရှိအသင်းမှာ ပုံမှန်နေရာတစ်ခုအတွက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ပြောဆိုထားပေမယ့် ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ အမိုရင် တစ်ယောက် ဟွိုင်လန်း ကို ခေါက်ပြီး မေဆွန်မောင့်ကိုသာ ပွဲထွက် တိုက်စစ် နေရာမှာ ထည့်သွင်းခဲ့ပါတယ်။
ဒါ့ကြောင့် ကစားသမားဘက်က နည်းပြရဲ့ ဆုံးဖြတ်ချက်အပေါ် ဝမ်းနည်းဒေါသထွက်နေပြီး နောက်ဆုံး မတက်နိုင်တဲ့အဆုံး အသင်းကနေ ထွက်ခွါဖို့ ရွေးချယ်သွားရတော့မှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်အသင်းတွေအနက် ဖူဟမ် ကလည်း ဟွိုင်လန်း ကို စိတ်ဝင်စားနေသလို အေစီမီလန်ကလည်း ဟွိုင်လန်း က အသင်း အတွက် သင့်တော်တဲ့ ကစားသမားမျိုးဖြစ်ကြောင်း ဖွင့်ဟထားပေမယ့် အသင်းဟောင်း အတ္တလန္တာနဲ့က ပိုမို နီးစပ်နေပါတယ်။
အသက် ၂၂ နှစ်သာ ရှိနေသေးတဲ့ ဟွိုင်လန်း ဟာ မန်ယူအသင်းထံ ပြောင်းမလာခင် အတ္တလန္တာနဲ့အတူ စီးရီးအေ ၃၂ ပွဲမှာ သွင်းဂိုး ၉ ဂိုး သွင်းယူခဲ့သူ တစ်ယောက် ဖြစ်ပြီး ကိုပင်ဟေဂင် အသင်းရဲ့ ကြယ်ပွင့် ကစားသမား တစ်ဉီးလည်း ဖြစ်ပါတယ်။