အကယ်ဒမီထွက် ရှားပါး ခြေစွမ်းရှိသူ ဆိုပေမယ့် ယူနိုက်တက် ရောင်းချဖို့ စီစဉ်နေသူ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကွင်းလယ်ကစားသမားလေး မိန်နိုးကို အသင်းမှ ထွက်ခွါခွင့်ပြုဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ယခုအချိန်အထိ အသင်းအတွက် လူစားဝင် ကစားသမား အဖြစ်တောင် ပါဝင်ခွင့်မရသေးတဲ့ အသက် ၂၀ အရွယ် တိုက်စစ်မှူးကို နည်းပြ အမိုရင်က ဉီးစားပေးစာရင်းထဲမှ ထုတ်ပယ်ထားတာကြောင့် မိန်နိုးတစ်ယောက် အသင်းမှ ထွက်ခွါလိုနေပါတယ်။

လက်ရှိ အသင်ကွင်းလယ်ပိုင်းမှာ ကာဆာမဲရိုးနဲ့ ဖာနန်ဒက်စ် ၂ ယောက်ကို အထိုင်ချထားတာကြောင့် မိန်နိုးရဲ့ ပွဲထွက်ခွင့်က ကြန့်ကြာနေရတာ ဖြစ်ပြီး မေဆွန်မောင့်ရဲ့ အသုံးဝင်လာမှုကလည်း မိန်နိုးအတွက် အတော်လေးကို အခက်အခဲ တစ်ခု ဖြစ်နေစေပါတယ်။

ဒါ့အပြင် အူဂတ်တီလည်း ရှိနေသလို ဘရိုက်တန်မှ ဘာလီဘာကိုလည်း မန်ယူအသင်းက အရခေါ်ယူဖို့ ကြိုးစားနေတာကြောင့် မိန်နိုးအနေနဲ့ အသင်းမှ ထွက်ခွါဖို့ ရွေးချယ်ရဖွယ်ရှိနေပြီး ချဲလ်ဆီးကတော့ ပြီးခဲ့တဲ့ ရာသီကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။

ယခုနောက်ပိုင်း အကယ်ဒမီထွက် ကစားသမားတွေအနက် မိန်နိုးတစ်ယောက်သာ လောက်လောက်လားလား ချပြစရာ ရှိနေတာပါ။

ဒါပေမယ့် ကစားသမားရဲ့ ခြေစွမ်းအတက်အကျ မမှန်မှုတွေကလည်း အသင်းကြီးစာရင်းထဲ ပုံမှန်ပါဝင်လာဖို့ အခက်တွေ့နေရပြီး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခါနီး ကစားသမားစာရင်းထဲ မိန်နိုး ပါဝင်နေပါတယ်။