မဟုတ်တဲ့ နေရာမှာ စံချိန်တင်ပြီး နံပါတ် ၁ ချိတ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်
လက်ရှိ ပရီးမီးယားလိဂ် အသင်းတွေအနက် ကစားသမားတန်ဖိုး တွက်ချက်မှုတွေမှာ မန်ချက်စတာ ယူနိုက်တက် အသင်းက အဆိုးဝါးဆုံး အရှုံးပေါ်နေတဲ့ အသင်း ဖြစ်နေပါတယ်။
ကစားသမားကို ခေါ်ယူခဲ့စဉ်က ကုန်ကျစားရိတ်နဲ့ လက်ရှိ ဈေးကွက်တန်ကြေးကို ချိန်ညှိပြီး Transfermarkt က ထို တန်ဖိုးတွေကို တွက်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ လက်ရှိ ကစားသမားတွေကို ပေါင် သန်း ၁၁၀၀ ကျော် အကုန်အကျခံခေါ်ယူခဲ့ပေမယ့် လက်ရှိတန်ကြေးမှာတော့ ပေါင် ၇၆၉ သန်းသာ တန်ကြေးရှိပါတော့တယ်။
ဒုတိယလိုက်နေတဲ့ အသင်းကတော့ ချဲလ်ဆီး ဖြစ်ပြီး ချဲလ်ဆီးအနေနဲ့လည်း ပေါင် သန်း ၁၂၀၀ ကျော်အသုံးပြုခဲ့ပေမယ့် ပေါင် သန်း တစ်ထောင် ဝန်းကျင် တန်ကြေးရှိနေတာကြောင့် ပေါင် ၂၂၇.၅ သန်းလောက် ဆုံးရှုံးတန်ဖိုးကျခဲ့ရပါတယ်။
မန်ယူအသင်းဟာ ဆန်ချိုကို ပေါင် ၇၃ သန်းအထိ ဒေါ့မွန်အသင်းထံမှ ခေါ်ယူခဲ့ပေမယ့် လက်ရှိ အချိန်မှာတော့ လစာလျှော့ချလိုနေတာကြောင့် ပေါင် ၁၇ သန်းလောက်နဲ့တင် အသင်းမှ ထွက်ခွါခွင့်ပြုထားပြီး ဟော့ဂျ်လန်း၊ အန်တိုနီ၊ မာလာစီယာ တို့ကိုလည်း များစွာ အရှုံးခံ ရောင်းချဖို့ စီစဉ်ထားပါတယ်။
ဝက်စ်ဟမ်း၊ ဘုန်းမောက် စတဲ့ အသင်းတွေအပြင် စပါးတို့လည်း ကစားသမားတန်ကြေးပိုင်းမှာ အရှုံးပေါ်နေပါသေးတယ်။
အာဆင်နယ်ကတော့ ၃၁၅.၉ သန်းအထိ တန်ကြေးတက်လာခဲ့ပြီး ကစားသမားတွေကို ပေါင် ၈၂၆ သန်း အကုန်အကျခံခေါ်ယူခဲ့ပေမယ့် လက်ရှိ ဈေးကွက်အရ ပေါင် သန်း ၁၁၀၀ ကျော် တန်ကြေးရှိနေပါတယ်။