စိတ်လိုက်မာန်ပါပြောခဲ့ပြီးမှ ဘွာတေး ပြန်လုပ်သွားတဲ့ ယူနိုက်တက် နည်းပြ အမော်ရင်
မန်ချက်စတာ ယူနိုက်တက် အသင်း အနေဖြင့် နည်းပြဖြစ်သူ ရူဘင် အမော်ရင်ကို အချိန်ပေးဖို့ ဆုံးဖြတ်ထားပြီး လမ်းခွဲဖို့ အစီအစဉ်မရှိကြောင်း သိရပါတယ်။
ဒါ့ကြောင့် မည်သို့ပင် ရှုံးပွဲတွေတွေ့ ရလဒ်တွေ မကောင်းနေပါစေ မကြာခင်လာမည့် နိုင်ပွဲများစွာအတွက်အမော်ရင်ဟာ ကျိန်းသေပေါက် မန်ချက်စတာယူနိုက်တက်အသင်းနည်းပြအဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။
နည်းပြ အမော်ရင်ကလည်း အသင်းကနေ နှုတ်ထွက်ဖို့ အစီအစဉ် မရှိသေးဘဲ ရှုံးပွဲ အပြီး စိတ်ခံစားမှု အရသာ ပြောဆိုမှုတွေ ရှိခဲ့တာ ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းလာပါတယ်။

“တစ်ခါတလေ ကျွန်တော် မန်ယူနိုက်တက်နည်းပြ အလုပ်က ထွက်ချင်မိတယ်။ တစ်ခါတလေ အိုးထရက်ဖို့ဒ်မှာ အနှစ် ၂၀ လောက်နေချင်တယ်။ အဲဒါကို ဖြစ်လာအောင် စိတ်ဓာတ်မြှင့်တင်ဖို့လိုတယ်”
“ဒီလိုရှုံးပွဲကြုံတိုင်း ကျွန်တော်ဒီလိုဖြစ်သွားတတ်ပါတယ်။ တစ်ခါတရံမှာ ကျွန်တော့်ကစားသမားတွေကို မုန်းတီးတယ်လို့ ပြောတတ်သလို တစ်ခါတရံမှာ ကျွန်တော့်ကစားသမားတွေကို ချစ်တယ်လို့ ပြောမိပါတယ်” လို့ သရဲနီနည်းပြ အမော်ရင်က ဘန်လေအသင်းနဲ့မကစားခင် ပွဲကြိုအင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
ဒါကြောင့် ယူနိုက်တက် နဲ့ အမော်ရင် တို့ လမ်းခွဲက ရောက်လာဖွယ်တော့ မရှိသေးပါဘူး။