အရှက်တကွဲရှုံးခဲ့တဲ့ ဂရင်စ်ဘီတောင်းနဲ့ပွဲကို ပြန်ကန်ဖို့ ယူနိုက်တက်အသင်း အယူခံဝင်ဖွယ်ရှိနေ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာ ပြိုင်ဘက် ဂရင်စ်ဘီတောင်း အသင်းက တရားမဝင် ကစားသမားတစ်ယောက် အသုံးပြုခဲ့တယ်ဆိုပြီး ရလဒ်ကို ပြန်လည် ပြင်ဆင်နိုင်ဖို့ အယူခံဝင်သွားဖွယ်ရှိနေပါတယ်။

ဂရင်စ်ဘီတောင်းအသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ ကလာ့ခ် အိုဒူရာဟာ အဆိုပါပွဲစဉ်မကစားခင် နေ့လည် ၁၂ နာရီ တစ်မိနစ်မှသာ အသင်းနဲ့ တရားဝင် စာချုပ်ချုပ်ဆိုခဲ့တာကြောင့် ၎င်းတို့လိဂ်သက်မှတ်ထားတဲ့ အပြောင်းအရွှေ့နောက်ဆုံး ပိတ်သိမ်းချိန်ထက် စက္ကန့် ၆၀ နောက်ကျနေခဲ့ပါတယ်။

အိုဒူရာဟာ အဆိုပါ ပွဲရဲ့ ၇၃ မိနစ်အရောက် လူစားဝင်ကစားသမား အဖြစ် ပါဝင်ကစားပေးခဲ့သူ တစ်ယောက် ဖြစ်ပေမယ့် တစ်ဦးထဲသော ပင်နယ်တီလွဲချော်သူ ဖြစ်ခဲ့တာကြောင့်လည်း အနည်းငယ် ရယ်ချင်စရာ ကောင်းနေပြန်ပါတယ်။

ဂရင်စ်ဘီတောင်းကတော့ EFL ကို တိုက်ရိုက်တင်ပြပြီး ဖြစ်သလို ပေါင် ၂သောင်း ဒဏ်ကြေးဆောင်ပြီးပြီ ဖြစ်ကြောင်း ထုတ်ပြန်မှုတွေ ပြုလုပ်ထားပေမယ့် မန်ယူအသင်းကတော့ ပွဲကို ပြန်လည် ကစားခွင့်ရဖို့ ကြိုးစားချင်နေပါသေးတယ်။

လီဗာပူးလ်အသင်းလည်း အလားတူ ကိစ္စမျိုး လွန်ခဲ့တဲ့ ၂၀၁၉ တုန်းက ကျူးလွန်ခဲ့ဖူးပေမယ့် ပွဲစဉ်ပြန်လည် ကစားပေးစရာ မလိုခဲ့ပဲ ပေါင် ၂သိန်းအထိ ဒဏ်ကြေး ပေးဆောင်ခဲ့ရပါတယ်။

ဒါပေမယ့် ၂၀၂၃ အက်ဖ်အေမှာ ဘန်စလေ အသင်းဟာ တရားမဝင်သေးတဲ့ ကစားသမား ထည့်သုံးခဲ့မှုနဲ့အတူ ပြိုင်ပွဲကနေ ထုတ်ပယ်ခံခဲ့ရဖူးတဲ့ အဖြစ်အပျက်တွေလည်း ရှိနေတာကြောင့် မန်ယူအသင်းရဲ့ ကံကြမ္မာကို ဆက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။