ယူနိုက်တက်က လိုအပ်တဲ့ နေရာကို လူမဖြည့်ဘဲ မလိုတဲ့နေရာတွေ ဝယ်ခဲ့တယ်လို့ ပေါလ်စခိုး ပြောဆို
မန်ချက်စတာယူနိုက်တက်ဂန္တဝင် ပေါလ် စခိုးက ဒီနွေရာသီမှာ မားသီးယပ်စ် ကွန်ညာနဲ့ ဘရိုင်ယန် အမ်ဘူးမိုတို့ကို ခေါ်ယူခဲ့တဲ့ အသင်းရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ဟောင်းက ကွင်းလယ်ကစားသမား ခေါ်ရမယ့်အစား တိုက်စစ် ၂ ဦးကို မလိုအပ်ဘဲ ခေါ်ယူခဲ့တာလို့ ယုံကြည်နေပြီး ကွင်းလယ်မှာ ပြဿနာတက်နေတာလို့ ထောက်ပြခဲ့ပါတယ်။
“အသင်းကောင်းတော်တော်များများက ကွင်းလယ်က ကောင်းကြတယ်လို့ ကျွန်တော် ထင်တယ်။ ကွင်းလယ်နေရာမှာ အဆုံးအဖြတ်ပေးနိုင်စွမ်းမရှိတာတွေက အရမ်းများလွန်းနေတယ်။ ခင်ဗျား ကက်စမီရိုရှိတာပဲလို့ တွေးနေတယ်မလား။ သူက အရမ်းကောင်းတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အားနည်းချက်တွေကိုလည်း ကျွန်တော်တို့တွေ သိထားကြတယ်မဟုတ်လား။
ဖာနန်ဒက်စ်နဲ့ ကက်စမီရိုတို့က အမိုရင် ရှေ့ဆက်လက်တွဲသွားရမယ့်သူတွေဖြစ်ပြီး ကျွန်တော့်အတွက်တော့ ဖာနန်ဒက်စ်က ကွင်းလယ်ကစားသမားအဖြစ် ဖြည့်ကစားပေးနိုင်တဲ့သူတယောက်ပါ။ သူက တစ်ပွဲ၊ နှစ်ပွဲ၊ သုံးပွဲလောက်ဆိုရင်တော့ အမှားတွေ ရှိလာနိုင်ပါတယ်။ သူက ကွင်းလယ်ဗဟိုကစားသမားဖြစ်လာဖို့အတွက်တော့ စည်းကမ်းလိုက်နာမှုအပိုင်းမှာ အားနည်းပါတယ်။”
ကျောနံပါတ် ၁၀ နှစ်ယောက်ကို ခေါ်ခဲ့တာက တကယ်ရော လိုအပ်လို့ ခေါ်ခဲ့တာလား။ ခင်ဗျားမှာ မေဆန် မောင့်၊ ကော်ဘီ မိန်းနူးတို့လို ကျောနံပါတ် ၁၀ နေရာမှာ ကစားနိုင်တဲ့သူတွေရှိနေတာပဲ။ ခင်ဗျား အဲဒီအပြောင်းအရွှေ့ကို လုပ်ခဲ့ပြီး ကွင်းလယ်ကစားသမားတယောက် မခေါ်ယူနိုင်ခဲ့တာကျတော့ နည်းနည်း ပိုက်ဆံဖြုန်းတဲ့သဘောဖြစ်သွားပြီ။
အဲဒါက ကစာသမားသစ် ခေါ်ယူမှုအပိုင်းမှာတော့ အရမ်းကောင်းတဲ့ခေါ်ယူမှုမဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား။ ကျွန်တော် အသင်းထဲမှာ ရှိနေတဲ့ ပြဿနာတော်တော်များများကို ပိုကောင်းလာအောင် မလုပ်နိုင်ဘူး။ ကွင်းလယ်ဗဟိုကစားသမား ၂ ဦးနဲ့ ဂိုးသမား ပြဿနာက တော်တော်လေး ကြီးမားပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်က ဒီနွေရာသီမှာ ဘရိုက်တန်ကွင်းလယ်ကြယ်ပွင့် ကားလို့စ် ဘလီဘာကို ခေါ်ယူဖို့ သတင်းတွေ ထွက်ခဲ့ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း ဘရိုက်တန်နဲ့ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု မရခဲ့တာကြောင့် အပြောင်းအရွှေ့အမှန်တကယ် ဖြစ်မလာခဲ့တာဖြစ်ပါတယ်။