မန်ချက်စတာ ဒါဘီမှာ ဘယ်ဂိုးသမား သုံးမလဲနဲ့ ကွန်ညာ ရဲ့ အခြေအနေကို အသိပေးခဲ့တဲ့ နည်းပြ ရူဘင် အမိုရင်

ဒီတပတ် တနင်္ဂနွေနေ့၊ အီတီဟက် ကွင်းမှာ မန်စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ မန်ချက်စတာဒါဘီပွဲ ယှဥြ်ပိုင် ကစားသွားရဖို့ ရှိပါတယ်။

ထို မန်ချက်စတာ ဒါဘီပွဲမှာ အယ်တေး ဘရင်ဒီယာကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုသွားမယ်လို့ နည်းပြ အမိုရင်က အတည်ပြုခဲ့ပါတယ်။

“ကျွန်တော် လန်မန်းစ်နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မိခဲ့ပါတယ်။ သူက အလားအလာ အများကြီးရှိတဲ့ သူပါ။
အခု ကျွန်တော်တို့က တကယ်အားကောင်းပြီး အတွေ့အကြုံအများကြီးရှိတဲ့ ဂိုးသမားလိုအပ်နေတဲ့ အချိန်မှာ ရှိနေတာပါ” လို့ ပွဲကြိုမှာ အမိုရင်က ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒဏ်ရာ ရထားတဲ့ ကွန်ညာဟာ အစက မျှော်မှန်းထားတာထက် ပိုပြီး စောစော ပြန်ကစားနိုင်ဖို့ အပြင်းအထန် ကြိုးစားနေတယ်လို့ ရူဘင် အမိုရင်က ၏ ပြောပါတယ်။

ဒါပေမယ့်လည်း ကွန်ညက ဘယ်အချိန်လောက် ပြန်ကစားပေးနိုင်မလဲဆိုတာကိုတော့ ပြောပြဖို့ ငြင်းဆန်ခဲ့ပါတယ်။

ကွန်ညာက ဒီလထဲ နောက်ထပ်တကြိမ် ကစားပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ သီးသန့် ကြံ့ခိုင်ရေးဆရာဝန်ခေါ်ပြီး အလုပ်လုပ်နေပါတယ်။