ယူနိုက်တက်က စီးတီးထက် ပိုကောင်းတယ် လို့ ယုံကြည်မှုရှိရှိ ဆိုလာတဲ့ နည်းပြ အမိုရင်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အမိုရင် ကတော့ သူ့အသင်းဟာ မန်စီးတီးထက် ပိုကောင်းတဲ့ အသင်းဖြစ်ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီ မန်စီးတီးအသင်းကို အနိုင်ကစားနိုင်ခဲ့တဲ့ အမိုရင်တို့ အဖွဲ့ဟာ ယခုတစ်ခေါက်မှာလည်း ထပ်မံထိပ်တိုက် ရင်ဆိုင်နေရပြီး ထပ်မံအနိုင်ယူနိုင်ဖို့ အမိုရင်တို့ ယုံကြည်ချက် ပြင်းထန်နေပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နွေ ပေါင် သန်း ၁၅၀ အထိ အသုံးပြုထားပြီး ဖြစ်သလို မန်ယူအသင်းဘက်ကလည်း ဒိတ်ဒိတ်ကျဲ ကစားသမားတွေကို ခေါ်ယူအားဖြည့်ထားတာကြောင့် ယခုတစ်ခေါက် ထိပ်တိုက် တွေ့ဆုံမှုက စိတ်ဝင်စားဖို့ ကောင်းနေဉီးမှာ ဖြစ်ပါတယ်။

အမိုရင်လက်ထက် ပရီးမီးယားလိဂ်ပွဲ ၃၀ မှာ နိုင်ပွဲ ၈ပွဲ၊ သရေ ၇ ပွဲနဲ့အတူ ရှုံးပွဲ ၁၅ ပွဲအထိသာ ရယူထားနိုင်ပေမယ့် အံ့အားသင့်စရာကောင်းလောက်အောင် မန်စီးတီးကိုတော့ လုံးဝရှုံးနိမ့်ထားခြင်းမရှိပဲ မန်ချက်စတာဒါဘီကို စိုးမိုးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမိုရင်က “ မန်စီးတီးအသင်းက နည်းပြကောင်းတစ်ယောက်နဲ့အတူ လိဂ်ရဲ့ အကောင်းဆုံး စာရင်းဝင် အသင်းလည်း ဖြစ်ပါတယ်၊ သူတို့ ကစားတာက တကယ့်ကို ရင်ဆိုင်ဖို့ ခက်တဲ့ ပုံစံမျိုးနဲ့ ကစားနေကြတာပါ၊ ပွဲကို အချိန်မရွေး အဖြေပြောင်းလဲပစ်လိုက်နိုင်ပါတယ်။

ဒါပေမယ့် အဲ့ဒီအတွက် ကျွန်တော်တို့ ပြင်ဆင်ထားပြီးပါပြီ၊ ကျွန်တော်ကတော့ ကိုယ့်အသင်းအပေါ် အပြည့်အဝ ယုံကြည်စိတ်ချမှုရှိနေပါတယ်။

ကျွန်တော်တို့ အသင်းက ပိုကောင်းတဲ့ အသင်း ဖြစ်တယ်လို့လည်း ယုံကြည်ထားပါတယ်၊ ဒီလိုပွဲကြီးပွဲကောင်းတွေအတွက် ကျွန်တော် သက်သောင့်သက်သာ ဖြစ်နေပါပြီ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။