ဒီည ဘရန့်ဖို့ဒ်နဲ့ ပွဲကို အာမက် အပါအဝင် ယူနိုက်တက် အသင်းသား ၄ ဦး လွဲချော်မည်

မန်ချက်စတာယူနိုက်တက်ဟာ ဒီည ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ အသင်းသား ၄ ဦးထိ မပါဝင်နိုင်ဘဲ လွဲချော်ဖို့ ရှိနေပါတယ်။

နည်းပြ ရူဘင် အမိုရင်က ဘရန့်ဖို့ဒ်နဲ့ ကစားရမယ့် ပွဲစဉ်ကို အာမက် ဒီရယ်လိုက မိသားစုထဲမှာ နာရေးရှိတာကြောင့် ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ မန်ယူနိုက်တက်အတွက် ပြီးခဲ့တဲ့ ၂ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ခဲ့ပြီး ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာလည်း ပွဲထွက်ပါဝင်ကစားပေးဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။

“အာမက်က ခုဒီမှာ မရှိပါဘူး။ သူ့မိသားစုထဲက တစ်ဦး ကွယ်လွန်သွားခဲ့လို့ ကျွန်တော်တို့အားလုံး သူ့ကို အားပေးထောက်ခံမှုတွေ ပေးခဲ့ကြပါတယ်။ သူ့အတွက် အိမ်ပြန်ဖို့အတွက် အချိန်ရဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ နားလည်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာမက်နဲ့အတူ အခြား ယူနိုက်တက် ကစားသမား ၃ ဦးကလည်း လွဲချော်မှာဖြစ်ပြီး အနီကတ်ထိထားတဲ့ ကက်စမီရို၊ ကာလရှည်ဒဏ်ရာကြောင့် နားနေတဲ့ လီဆန်ဒရို မာတီနက်ဇ်၊ မက်ဇရာဝီတို့ ပါဝင်ကစားပေးနိုင်ဦးမှာ မဟုတ်တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်ဟာ ဒီည ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ အသင်းသား ၄ ဦးထိ မပါဝင်နိုင်ဘဲ လွဲချော်ဖို့ ရှိနေပါတယ်။

နည်းပြ ရူဘင် အမိုရင်က ဘရန့်ဖို့ဒ်နဲ့ ကစားရမယ့် ပွဲစဉ်ကို အာမက် ဒီရယ်လိုက မိသားစုထဲမှာ နာရေးရှိတာကြောင့် ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ မန်ယူနိုက်တက်အတွက် ပြီးခဲ့တဲ့ ၂ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ခဲ့ပြီး ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာလည်း ပွဲထွက်ပါဝင်ကစားပေးဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။

“အာမက်က ခုဒီမှာ မရှိပါဘူး။ သူ့မိသားစုထဲက တစ်ဦး ကွယ်လွန်သွားခဲ့လို့ ကျွန်တော်တို့အားလုံး သူ့ကို အားပေးထောက်ခံမှုတွေ ပေးခဲ့ကြပါတယ်။ သူ့အတွက် အိမ်ပြန်ဖို့အတွက် အချိန်ရဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ နားလည်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာမက်နဲ့အတူ အခြား ယူနိုက်တက် ကစားသမား ၃ ဦးကလည်း လွဲချော်မှာဖြစ်ပြီး အနီကတ်ထိထားတဲ့ ကက်စမီရို၊ ကာလရှည်ဒဏ်ရာကြောင့် နားနေတဲ့ လီဆန်ဒရို မာတီနက်ဇ်၊ မက်ဇရာဝီတို့ ပါဝင်ကစားပေးနိုင်ဦးမှာ မဟုတ်တာဖြစ်ပါတယ်။