တဖြည်းဖြည်း နီးကပ်လာနေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ရူဘင် အမိုရင်တို့ လမ်းခွဲ

မန်ချက်စတာယူနိုက်တက်နဲ့ နည်းပြ ရူဘင် အမိုရင်တို့ လမ်းခွဲကြမယ့်အချိန်က တဖြည်းဖြည်းနဲ့ ပိုမိုနီးကပ်လာပြီ လို့ ဆိုရတော့မှာပါ။

ဘီဘီစီရဲ့ ဖော်ပြချက်အရ ခရစ္စတယ်ပဲလေ့စ်နည်းပြ အိုလီဗာ ဂလက်စ်နာက အမိုရင်ရဲ့ နေရာမှာ အစားထိုးမယ့် နည်းပြလောင်းစာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

ဂလက်စ်နာဟာ ဒီနွေရာသီအစောပိုင်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းဆီက စာချုပ်သစ် ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့်လည်း အခုအချိန်အထိ စာချုပ်သက်တမ်းတိုးဖို့အတွက် လက်မှတ်ရေးထိုးခြင်းမရှိသေးတာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ စကားအရ ဂလက်စ်နာ ဆက်ရှိနေဖို့ အခွင့်အရေးက နည်းပါးတယ်လို့ သိရပါတယ်။

နာမည်ာကြီး ဂျာနယ်လစ် ဘန်ဂျေကော့ဘ်ရဲ့ ပြောကြားချက်အရ ဂလက်စ်နာက မန်ယူနိုက်တက်ကသာ ကမ်းလှမ်းလာရင် လက်ခံသွားချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

တဖက်မှာ လက်ရှိ နည်းပြ အမိုရင်ကလည်း အရာအားလုံးကို ပြောင်းလဲပစ်နိုင်ဖို့အတွက် ပွဲအများကြီး မကျန်တော့ဘူးလို့ ဝန်ခံပြောဆိုထားတာဖြစ်ပါတယ်။

သေချာသလောက်ရှိနေတာကတော့ သရဲနီတွေက နိုဝင်ဘာလ ၁ ရက်နေ့ကျော်တာနဲ့ အမိုရင်ကို ထုတ်ပယ်ဖို့ များနေပြီး အဲဒီအချိန်မတိုင်ခင် ထုတ်ပယ်ရင်တော့ သိသိသာသာ ပိုများတဲ့ လျော်ကြေးပေးရမှာဖြစ်တာကြောင့်ပါ။