မန်ယူ တိုက်စစ်မှုးသစ်က ယော်ကရက်စ်နဲ့ အက်ခီတီကီတို့ထက် ပိုသာတယ် ဆိုတဲ့ ပက်ထရစ် အီဗရာ

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ပက်ထရစ် အီဗရာက သရဲနီတွေရဲ့ ပေါင် ၇၄ သန်းတန်တိုက်စစ်မှူး ဆက်ကိုက အာဆင်နယ်နဲ့ လီဗာပူးတို့ရဲ့ တိုက်စစ်မှူးသစ်တွေထက် ပိုကောင်းမွန်တဲ့ တိုက်စစ်မှူးလို့ ယုံကြည်နေပါတယ်။

လိုက်ပ်ဇစ်တိုက်စစ်မှူးဟောင်း ဘန်ဂျမင် ဆက်ကိုက ဘရန့်ဖို့ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးပေါက် စတွေ့ခဲ့ပြီးနောက် ပြီးခဲ့တဲ့စနေနေ့က ဆန်းဒါးလန်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း နောက်ထပ်တကြိမ် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ပေါင် ၆၄ သန်းတန် တိုက်စစ်မှုး ယော်ကရက်စ်ကတော့ နောက်ဆုံး ၆ ပွဲအထိ ဂိုးပေါက်ပျောက်ဆုံးနေပြီး လီဗာပူးတိုက်စစ်မှူး အက်ခီတီကီကလည်း ဒီရာသီ ၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမယ့်လည်း နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ ခြေစွမ်းမပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အီဗရာက ယော်ကရက်စ်နဲ့ အက်ခီတီကီတို့က တိုက်စစ်မှူးကောင်းတွေဆိုတာ သံသယမရှိပေမယ့်လည်း အဲဒီကစားသမားတွေကို မန်ယူနိုက်တက်မှာသာ ကစားခိုင်းရင် ဆက်ရှ်ကိုလောက်တောင် လုပ်ပြနိုင်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ယော်ကရက်စ်က တိုက်စစ်မှူးကောင်းတစ်ယောက်ပါ။ ဒါပေမယ့် နှိုင်းယှဉ်မှုတွေကို ရပ်လိုက်ကြရအောင်။ အာဆင်နယ်က တကယ့် ဂိုးသွင်းစက်ဖြစ်တဲ့ ဆက်ကို ကို မခေါ်ယူနိုင်ခဲ့ဘဲ နမော်နမဲ့နိုင်ခဲ့တယ်။

အက်ခီတီကီကလည်း လီဗာပူးမှာ ကောင်းကောင်းလုပ်နိုင်နေလား၊ ကောင်းပါတယ်။ ဒါပေမယ့် ယော်ကရက်စ်နဲ့ အက်ခီတီကီတို့ကို မန်ယူနိုက်တက်အသင်းထဲမှာသာ ကစားခိုင်းကြည့်။ သူတို့ မြုပ်သွားလိမ့်မယ်။

ဆက်ကိုက တိတ်ဆိတ်နေတဲ့ နတ်ဆိုးတကောင်ပါ။ ကျွန်တော်တို့အခုမြင်နေရတာတွေက သူ့ရဲ့ အမျက်ဒေါသ ၆၀ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။