ယူနိုက်တက်မှာ သူ မြင်ချင်တဲ့ နည်းပြ၊ ဆာအဲလက်စ် ခေတ်ကလို ပုံဖော်ပေးနိုင်မယ့် နည်းပြကို ရွိုင်ကိန်း ဖော်ထုတ်
မန်ယူ ဂန္တဝင် ရွိုင်ကိန်းက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရူဘင် အမိုရင်ကို စိတိရှည်သည်းခံမှု ကုန်ဆုံးပြီး ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဒီယေဂို ဆီမြွန်နီကို အစားထိုးခန့်အပ်သင့်တယ်လို့ ယုံကြည်နေပါတယ်။
မန်ချက်စတာယူနိုက်တက် ထိပ်ပိုင်း တာဝန်ရှိသူတွေဟာ ရလဒ်တွေဆိုးရွားနေခဲ့တဲ့ နည်းပြ ရူဘင် အမိုရင်ကို ဆက်လက် ထောက်ခံနေဆဲဖြစ်ပြီး ပေါ်တူဂီလူမျိုးနည်းပြဟာ သရဲနီတွေကို ပွဲ ၅၀ ကိုင်တွယ်ခဲ့ရာမှာ ပွဲ ၂၀ သာ နိုင်ပွဲရယူပေးနိုင်ခဲ့ပြီးနောက် ဖိအားတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
အမိုရင်ရဲ့ နည်းဗျူဟာက သရဲနီတွေနဲ့ ကိုက်ညီမှုရှိရဲ့လားလို့လည်း ဆက်တိုက် မေးခွန်းထုတ်ခံခဲ့ရပြီး ရွိုင်ကိန်းက ပေါ်တူဂီလူမျိုးနည်းပြကို ဆက်လက် ယုံကြည်မှုပေးဖို့ တောင်းဆိုခဲ့ပေမယ့် ထုတ်ပယ်ခဲ့မယ်ဆိုရင်လည်း ခန်အပ်သင့်တဲ့နည်းပြကို အကြံပေးခဲ့တာဖြစ်ပါတယ်။
အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ လာလီဂါဖလား ၂ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲ၂ ကြိမ်အထိ တက်ရောက်နိုင်ခဲ့တဲ့ ဆီမြွန်နီက အိုးထရက်ဖို့ဒ်က နည်းပြရာထူးနဲ့ ကွက်တိ အံဝင်မယ့်သူလို့ ရွိုင်ကိန်းက ယုံကြည်နေပါတယ်။
“ကျွန်တော် အဲဒါကို ပြောခဲ့တာ နှစ်တွေအတော်ကြာပါပြီ။ ကျွန်တော် အက်သလက်တီကိုမက်ဒရစ်က ဆီမြွန်နီကို မန်ယူနိုက်တက်နည်းပြနေရာမှာ မြင်ချင်တယ်။ ကျွန်တော် သူ့ရဲ့မိတ်ဆွေ ဘာတာက အာဆင်နယ်ကို သွားခဲ့တယ်ဆိုတာကို သိပေမယ့် သူက အဖျက်စွမ်းအားကို ဖန်တီးနိုင်တဲ့သူပါ။ ကောင်းမွန်တဲ့ အဖျက်စွမ်းအားပါ။
သူက မန်ယူနိုက်တက်နည်းပြခုံကို သွားပြီး ‘ဟေး ဒါက မင်း အရာအားလုံးကို လုပ်တဲ့ပုံစံပဲ’လို့ ပြောမယ်ထင်တယ်။ သူ ကျိန်းသေပေါက် အောင်မြင်မယ်လို့ အာမခံချက် မရှိပေမယ့် ကျွန်တော် သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြင်တယ်။ သူ့ရဲ့ မှတ်တမ်းတွေကို သိထားတယ်။
လူတွေက ဘောလုံးကစားဟန်ကို စဉ်းစားကြနိုင်တယ်။ သူတို့တွေ ရီးရဲမက်ဒရစ်ကို အနိုင်ယူနိုင်ခဲ့တယ်။ အရင်အပတ်က ၅ ဂိုးသွင်းတယ်။ သူက ခံစစ်အားသန်တယ်ဆိုတဲ့ အတွေးရှိကြတယ်။ ဟုတ်ပါတယ်။ သူက ဂိုးတွေအများကြီး ပေးရတာကို မကြိုက်ဘူး။ အခွင့်အရေးတွေ အများကြီးပေးရတာမကြိုက်ဘူး။ ဒါပေမယ့် သူတို့တွေ တိုက်စစ်နည်းနည်းနည်း ကစားနိုငိပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက သူတို့တွေ လီဗာပူးကို ရင်ဆိုင်ကစားခဲ့တာ ကျွန်တော်တို့ မြင်ခဲ့ရတယ်။ အသင်းက ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ကလောက် မကောင်းပေမယ့် သူတို့မှာ တိုက်ပွဲဝင်ချင်တဲ့ စိတ်ဓာတ်ရှိသေးတယ်။ သူက ကွင်းဘေးစည်းမှာ ပွဲအပေါ် လွှမ်းမိုးမှု ပြုလုပ်နိုင်သေးတယ်။ အဲဒီညမှာ သူ အထုတ်ခံခဲ့ရတယ်။
ကျွန်တော်ကတော့ အဲဒီလို စိတ်ကြီးတာမျိုးကို သဘောကျတယ်။ သူ့မိတ်ဆွေ ဘာတာက အက်သလက်တီကို မက်ဒရစ်ရဲ့ အောင်မြင်မှုမှာ အစိတ်အပိုင်းတခုဖြစ်ခဲ့ပြီး ကစားသမားခေါ်ယူမှုအပိုင်းမှာ အောင်မြင်မှု ရခဲ့တယ်။”လို့ ရွိုင်ကိန်းက ပြောဆိုခဲ့ပါတယ်။