ယူနိုက်တက်ကြောင့် သူ ခြေစွမ်းကျပြီး ရုန်းကန်ခဲ့ရတာ လို့ ရည်ညွှန်းပြောဆိုလာတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်

ဘာစီလိုနာ မှာ အငှားထွက် ကစားနေတဲ့ တိုက်စစ်မှုး မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ သူ ပုံမှန်အောက် ခြေစွမ်းနဲ့ ရုန်းကန်ခဲ့ရတာဟာ ယူနိုက်တက်ကြောင့် ဆိုတဲ့ စကားမျိုး ပြောဆိုလာပါတယ်။

“ကျွန်တော်က သဟဇာတ မဖြစ်တဲ့ ပတ်ဝန်းကျင်မှာ အချိန်တွေ အရမ်း အရမ်းကြာအောင် နေခဲ့ရသလိုမျိုး ခံစားခဲ့ရပါတယ်။ အဲဒီတော့ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့က ပိုလို့တောင် ခက်ခဲစေခဲ့တယ်။

အခုချိန်မှာ ခြေစွမ်းပိုင်း တည်ငြိမ်မှုက ကျွန်တော့်ရဲ့ ပွဲစဉ်တွေမှာ ယူဆောင်ဖို့ လိုအပ်တဲ့အရာလို့ ထင်ပါတယ်။ ပြီးတော့ ဟုတ်ပါတယ်။ ကျွန်တော် အဲဒါကို လုပ်ဖို့အတွက် ကြိုးစားနေပါတယ်” လို့ ရက်ရှ်ဖို့ဒ်က ဆိုခဲ့တာ ဖြစ်ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်က သူ ခြေစွမ်းမပြသနိုင်ခဲ့တာက မန်ချက်စတာယူနိုက်တက်အသင်းက ပတ်ဝန်းကျင်အခြေအနေကြောင့်လို့ ဆိုလို ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ဒီရာသီကုန် အငှားစာချုပ်ပြည့်ရင် အင်္ဂလန်ကြယ်ပွင့်ကို အပြီးသတ်ခေါ်ယူသွားဖို့ ဆုံးဖြတ်ထားပြီ ဖြစ် တာကြောင့်လည်း ရက်ရှ်ဖို့ဒ် တစ်ယောက် အခုလို ပြောရဲဆိုရဲတွေဖြစ်လာပုံ ပေါ်ပါတယ်။