ဇက်ဇီးနဲ့ စီးရီးအေ ၂သင်း၊ ကိန်းကို စောင့်ကြည့်ခြင်း၊ ချဲလ်ဆီးနဲ့ အပြိုင်လိုက်နေတဲ့ ကွင်းလယ်လူ အပါအဝင် မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းတိုက်စစ်မှူး ဇက်ဇီးကို စီးရီးအေ အသင်း ၂ သင်းက အပြိုင် ကမ်းလှမ်းထားကြောင်း သိရပါတယ်။

ချဲလ်ဆီးနဲ့ ယူနိုက်တက် နှစ်သင်းစလုံးဟာ ဖောရက်စ် ကွင်းလယ်လူ အန်ဒါဆန်ကို ခေါ်ယူဖို့ အပြိုင်ကြိုးစားလာနိုင်ပြီး ပေါင် ၇၅ သန်းလောက်အထိ အကုန်အကျခံရဖွယ် ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ဘိုင်ယန်တိုက်စစ်မှူး ဟယ်ရီကိန်းကို လာမယ့်နွေ ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ကိန်းရဲ့ စာချုပ် ဖျက်သိမ်းကြေးက လာမယ့်နွေမှာ လျော့နည်းလာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်ဟာ အဲဗာတန် ကွင်းလယ်လူ ဂျိမ်းစ် ဂန်နာကို စောင့်ကြည့်နေပြီး အဆိုပါ သူရဲနီ ကစားသမားဟောင်းဟာ လာမယ့်နွေ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက် ပရိသတ်တွေ ယခုအချိန်အထိ တစ်ခါမှ မကြည့်ရှုရသေးတဲ့ ပြီးခဲ့တဲ့နွေ ခေါ်ယူမှုထဲက ကစားသမားသစ် လီယွန်ဟာ ပါရာဂွေး လက်ရွေးစင် အသင်းကြီးအတွက် စတင် ပါဝင်ကစားခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘရိုက်တန် ကွင်းလယ်လူ ဘာလီဘာ ကို ခေါ်ယူဖို့ နောက်ဆုတ်လိုက်ပြီး ပဲလေ့စ် ကွင်းလယ်လူ ဝါ့သ်တွန်ကိုသာ ခေါ်ယူဖို့ အဓိကထားကြိုးစားသွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက် က Al Qadsiah အသင်းတိုက်စစ်မှူး ရီတီဂူ ကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပြီး ယူရို သန်း ၆၀ လောက် အသုံးပြုရဖို့ ရှိနေပါတယ်။