ဒီည အိုးထရက်ဖို့ဒ်မှာ မန်ယူက ဘရိုက်တန်ကို မနိုင်ဘူး လို့ ဟောကိန်းထုတ်လာတဲ့ ပေါမာဆန်

မန်ချက်စတာ ယူနိုက်တက် က ဒီည အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်ကို ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ မန်ယူနိုက်တက် Vs ဘရိုက်တန် ပွဲ အတွက် အခုလို ခန့်မှန်းချက် ထုတ်ထားပါတယ်။

” မန်ယူနိုက်တက်က လီဗာပူးနဲ့ပွဲမှာ အရမ်းကောင်းခဲ့တယ်။ သူတို့တွေက အခု နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိ အနိုင်ရခဲ့ပေမယ့် ဒီပွဲက အမိုရင်ရဲ့အသင်းအတွက် အန္တရာယ်များတဲ့ ပွဲပါ။

ပြီးခဲ့တဲ့ရာသီတုန်းက ဘရိုက်တန်က ဒီပွဲကို အလွယ်တကူနဲ့ အနိုင်ရခဲ့ပါတယ်။ မန်ယူနိုက်တက်သာ ဒီပွဲအနိုင်ရခဲ့ရင် သူတို့အတွက် အရမ်းကောင်းတဲ့ရလဒ်ဖြစ်ပါလိမ့်မယ်။

အမိုရင်က လီဗာပူးနဲ့ပွဲမှာ ရှက်ရှ်ကို ကို အရန်ခုံထိုင်ခိုင်းဖို့ သတ္တရှိရှိဆုံးဖြတ်ခဲ့ပြီး အဲဒါကြောင့် သူ အကျိုးပြန်ခံစားခဲ့ရတာ အရမ်းကောင်းပါတယ်၊ ဒါပေမယ့် ဘရိုက်တန်နဲ့ပွဲမှာတော့ အဲဒီအတိုင်းဖြစ်မယ်လို့ မထင်ဘူး။

ဘာလို့လဲဆိုတော့ ဘရိုက်တန်က လီဗာပူးလိုမဟုတ်ဘဲ ခံစစ်ထိ ဆင်းပိတ်ကစားမယ့်အသင်းမို့လို့ပါ။ အဲဒီတော့ ဗန်ဒိုက်နဲ့ ကိုနာတီတို့ကို လုပ်ခဲ့တဲ့အတိုင်း ခံစစ်ကစားသမားတွေကို နေရာယူပုံပျက်အောင် အကျိုးသက်ရောက်မှုရှိရှိ ကွန်ညာက လုပ်နိုင်ပါ့မလားဆိုတာ မသေချာပါဘူး။

အမိုရင်က မေဆန် မောင့်ကို အရမ်းသဘောကျတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ရှက်ရှ်ကို ပွဲထွက်မကစားရဘူးဆိုရင် အံ့ဩမိမှာဖြစ်ပြီး ဘာလို့လဲဆိုတော့ ဒီပွဲက လူကောင်ပိုကြီးတဲ့ တိုက်စစ်မှူးနဲ့ ပိုလိုက်ဖက်လို့ပါ။

ကျွန်တော်တော့ မန်ယူနိုက်တက်က ဒီပွဲမှာ အနိုင်ရမယ်လို့ မထင်ဘဲ ၁-၁ နဲ့ပြီးသွားမယ်လို့ ထင်တယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် ၁-၁ ဘရိုက်တန်