သွားနောက်လို့ မရတဲ့ ယူနိုက်တက်ကတော့ ဘရိုက်တန်ကို အနိုင်ကန် အပြီး ချန်ပီယံလောင်း စာရင်းထဲ ပါဝင်လာပါပြီ

ပရီးမီးယားလိဂ်ချန်ပီယံဆုကို အရယူမယ်ဆိုတဲ့ အာဆင်နယ်အသင်းအတွက် အိပ်မက်ဆိုးတွေ စ မက်ရလောက်အောင် သမိုင်းဝင် ပြိုင်ဘက်ကြီး မန်ချက်စတာယူနိုက်တက်အသင်းက ချန်ပီယံဆုအရယူမယ့် ပြိုင်ဘက် စာရင်းထဲကို ဝင်ရောက်လာပြီဖြစ်ပါတယ်။

မနေ့ညက ပွဲတွေ အပြီးမှာ လီဗာပူးလ်အသင်းဟာ ဘရန့်ဖို့အသင်းကို ရှုံးနိမ့်ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၉ ပွဲကစားပြီးချိန် ရမှတ် ၁၆ မှတ်နဲ့ စတုတ္ထနေရာကို တက်လှမ်းလာနိုင်ပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဇယား ထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ ၃ မှတ်သာ ကွာရှိကာ တတိယနေရာက မန်စီးတီးနဲ့ အမှတ်တူ၊ ဒုတိယနေရာက ဆန်ဒါးလန်းနဲ့ ၁ မှတ်သာ ကွာရှိတော့တာဖြစ်ပါတယ်။

ဒီ ၉ ပွဲမှာ Big 6 အသင်းတွေဖြစ်တဲ့ အာဆင်နယ်၊ မန်စီးတီး၊ ချဲလ်ဆီး၊ လီဗာပူးလ်အသင်းတို့နဲ့ ယှဉ်ပြိုင် ကစားရတဲ့ ပွဲကြပ်ကာလကို ကျော်ဖြတ်ပြီးပြီဖြစ်ပါတယ်။

အဲဒီပွဲတွေထဲမှာ အာဆင်နယ်နဲ့ မန်စီးတီးကိုသာ ရှုံးနိမ့်ခဲ့ပြီး လီဗာပူးလ်ကို အနိုင်၊ ချဲလ်ဆီးကို သရေကစားထားနိုင်ခဲ့ပြီး နောက်ဆုံး ၃ ပွဲ နိုင်ပွဲ ဆက်နေခဲ့ပါတယ်။ ဒီ ၃ ပွဲစလုံးမှာ ဂိုးသမား လန်းစ်မန်းက ဖမ်းယူခဲ့တာဖြစ်ပြီး သရဲနီဂိုးသမားသစ်အနေဖြင့် အရှုံးဆိုတာ ဘာမှန်းတောင် မသိသေးပါဘူး။

တိုက်စစ်မှာလား အမ်ဘူးမိုနဲ့ ကွန်ညာတို့တိုက်စစ်အတွဲရဲ့ ဂိုးသွင်းအားဟာလည်း ကြောက်စရာကောင်းလာပြီဖြစ်သလို ဆက်စ်ကိုကလည်း ဂိုးပဝင်ပတ်သတ်မှုတွေ ပိုမိုပြုလုပ်လာနိုင်ပါတယ်။

ရေဘဝဲရွေးချယ်ထားသလို မန်ချက်စတာယူနိုက်တက်အသင်း ချန်ပီယံဖြစ်နိုင်တယ်ဆိုတာကို ယနေ့ည ဘရိုက်တန်ကို ကြက်ကလေး ငှက်ကလေးလို အနိုင်ကန်ပြီးနောက် သွားနောက်လို့ မရတော့ပါဘူး။

လာမည့် ၂ ပွဲလောက်အနိုင်ကစားနိုင်ခဲ့ရင် မန်ချက်စတာယူနိုက်တက်အနေဖြင့် အဆင့် ၁ တောင် ရောက်ရှိသွားနိုင်သလို ချန်ပီယံဆုဖလားကိုလည်း ရာသီကုန်မှာ ဆွတ်ခူးသွားနိုင်ချေရှိလာနေပြီဖြစ်ပါတယ်။