ယူရိုပါလိဂ်မှာ ဘာစီလိုနာ၊ ဒေါ့မွန်၊ ပေါ်တိုတို့နဲ့ တွေ့ရင် အပြတ်ကျုံးမယ် ကြိမ်းနေတဲ့ ဒေးဗစ်မိုယက်စ်
ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ အပြီးမှာ နာမည်ကြီးတွေ ဖြစ်တဲ့ ဘာစီလိုနာ၊ ဒေါ့မွန်၊ ပေါ်တိုတို့ဟာ ယူရိုပါလိဂ်သို့ ဆင်းကစားရတော့မှာ ဖြစ်ပါတယ်။ ဒီရာသီမှာ ဥရောပချန်ပီယံ ချဲလ်ဆီး၊ ပရီးမီးယားလိဂ်မှာ စွာနေတဲ့ လီဗာပူးတို့ကို အနိုင်ကစားထားတဲ့ ဝက်စ်ဟမ်းအသင်း နည်းပြ မိုယက်စ်ကတော့ အသင်းကြီးတွေနဲ့ တွေ့နေလည်း ကြောက်နေမှာ မဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။
ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က စနေနေ့က ချန်ပီယံလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းကို အနိုင်ရခဲ့သလို ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက ၂၀၁၉ ချန်ပီယံလိဂ်ချန်ပီယံ လီဗာပူးကိုလည်း အလဲထိုးထားတာကြောင့် ယူရိုပါလိဂ်တွင် ဘယ်အသင်းကိုမဆို ယှဉ်ကစားနိုင်စွမ်း ရှိတယ်လို့ ယုံကြည်နေတာပါ။

ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ ဘာကာ၊ ပေါ်တို၊ ဆီဗီလာအသင်းတွေနဲ့ရှုံးထွက်အဆင့်မှာ ဆုံတွေ့နိုင်ခြေရှိနေပြီး မိုယက်စ်ကတော့ စိုးရိမ်မှု သိပ်မရှိဘူးလို့ပြောပါတယ်။
“ကျွန်တော်တို့ထိပ်သီးကလပ်တွေနဲ့ရင်ဆိုင်ရဖို့ရှိပါတယ် ဒါပေမဲ့ လက်ရှိမှာလည်း ကျွန်တော်တို့က အသင်းကြီး တစ်သင်းလို့ ထင်ပါတယ်။ ကျွန်တော်တို့နဲ့ယှဉ်ပြိုင်ကစားရမှာကို အသင်းများစွာက စိုးရိမ်နေကြမှာပါ။ ကျွန်တော်တို့ ဒီလိုပွဲကောင်းတွေ ရှိလာရင်တောင် ပုံစံကောင်းရမယ်လို့ မျှော်လင့်ပါတယ်။ ပြိုင်ပွဲမှာ ရှိနေကြတဲ့ အသင်းတွေကို ကြည့်ရင် အမှန်တကယ် ခက်ခဲမှာပါ။
ချန်ပီယံလိဂ်ကနေ ဆင်းလာတဲ့ အသင်းတစ်ချို့က ဖိုင်နယ်တောင် တက်နိုင်တဲ့အသင်းတွေပါ။ ဒါပေမဲ့ ကျွန်တော်တို့က ချန်ပီယံလိဂ် ချန်ပီယံဟောင်းနှင့် ချန်ပီယံလိဂ် ချန်ပီယံအသင်းတွေကို ပြီးခဲ့တဲ့အပတ်တွေမှာ နိုင်ခဲ့တာမို့သူတို့ကိုလည်း ပွဲကောင်းတစ်ပွဲ ပေးစွမ်းနိုင်မယ်လို့ကျွန်တော် ထင်ပါတယ်”ဟု ပြောကြားသွားခဲ့ပါတယ်။
ဟမ်းမားတွေဟာ မနေ့ညက ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲအဖြစ် ဒိုင်နမိုဇာဂရက်ဇ်ကို ဧည်ခံခဲ့ပေမယ့် ၁-ဝ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အုပ်စု H ပထမနေရာနဲ့ ဝက်စ်ဟမ်းအသင်းဟာ နောက်ဆုံး၁၆သင်းအဆင့်ကို ကြိုတင် တက်ရောက်ထားပြီ ဖြစ်ပါတယ်။

ZG
ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ေတြ အျပီးမွာ နာမည္ၾကီးေတြ ျဖစ္တဲ့ ဘာစီလိုနာ၊ ေဒါ့မြန္၊ ေပၚတိုတို႔ဟာ ယူရိုပါလိဂ္သို႔ ဆင္းကစားရေတာ့မွာ ျဖစ္ပါတယ္။ ဒီရာသီမွာ ဥေရာပခ်န္ပီယံ ခ်ဲလ္ဆီး၊ ပရီးမီးယားလိဂ္မွာ စြာေနတဲ့ လီဗာပူးတို႔ကို အနုိင္ကစားထားတဲ့ ဝက္စ္ဟမ္းအသင္း နည္းျပ မိုယက္စ္ကေတာ့ အသင္းၾကီးေတြနဲ႕ ေတြ႔ေနလည္း ေၾကာက္ေနမွာ မဟုတ္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။
ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္မိုယက္စ္က စေနေန႔က ခ်န္ပီယံလိဂ္ခ်န္ပီယံ ခ်ဲလ္ဆီးအသင္းကို အႏိုင္ရခဲ့သလို ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြက ၂၀၁၉ ခ်န္ပီယံလိဂ္ခ်န္ပီယံ လီဗာပူးကိုလည္း အလဲထိုးထားတာေၾကာင့္ ယူ႐ိုပါလိဂ္တြင္ ဘယ္အသင္းကိုမဆို ယွဥ္ကစားႏိုင္စြမ္း ရွိတယ္လို႔ ယံုၾကည္ေနတာပါ။
ဥေရာပထိပ္သီးကလပ္ေတြျဖစ္တဲ့ ဘာကာ၊ ေပၚတို၊ ဆီဗီလာအသင္းေတြနဲ႔ရႈံးထြက္အဆင့္မွာ ဆုံေတြ႕ႏိုင္ေျခရွိေနၿပီး မိုယက္စ္ကေတာ့ စိုးရိမ္မႈ သိပ္မရွိဘူးလို႔ေျပာပါတယ္။
“ကြၽန္ေတာ္တို႔ထိပ္သီးကလပ္ေတြနဲ႔ရင္ဆိုင္ရဖို႔ရွိပါတယ္ ဒါေပမဲ့ လက္ရွိမွာလည္း ကြၽန္ေတာ္တို႔က အသင္းႀကီး တစ္သင္းလို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔နဲ႔ယွဥ္ၿပိဳင္ကစားရမွာကို အသင္းမ်ားစြာက စိုးရိမ္ေနၾကမွာပါ။ ကြၽန္ေတာ္တို႔ ဒီလိုပြဲေကာင္းေတြ ရွိလာရင္ေတာင္ ပုံစံေကာင္းရမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ၿပိဳင္ပြဲမွာ ရွိေနၾကတဲ့ အသင္းေတြကို ၾကည့္ရင္ အမွန္တကယ္ ခက္ခဲမွာပါ။
ခ်န္ပီယံလိဂ္ကေန ဆင္းလာတဲ့ အသင္းတစ္ခ်ိဳ႕က ဖိုင္နယ္ေတာင္ တက္ႏိုင္တဲ့အသင္းေတြပါ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔က ခ်န္ပီယံလိဂ္ ခ်န္ပီယံေဟာင္းႏွင့္ ခ်န္ပီယံလိဂ္ ခ်န္ပီယံအသင္းေတြကို ၿပီးခဲ့တဲ့အပတ္ေတြမွာ ႏိုင္ခဲ့တာမို႔သူတို႔ကိုလည္း ပြဲေကာင္းတစ္ပြဲ ေပးစြမ္းႏိုင္မယ္လို႔ကြၽန္ေတာ္ ထင္ပါတယ္”ဟု ေျပာၾကားသြားခဲ့ပါတယ္။
ဟမ္းမားေတြဟာ မေန႔ညက ယူ႐ိုပါလိဂ္အုပ္စုေနာက္ဆုံးပြဲအျဖစ္ ဒိုင္နမိုဇာဂရက္ဇ္ကို ဧည္ခံခဲ့ေပမယ့္ ၁-ဝ နဲ႕ ရႈံးနိမ့္ခဲ့ေပမယ့္ အုပ္စု H ပထမေနရာနဲ႔ ဝက္စ္ဟမ္းအသင္းဟာ ေနာက္ဆုံး၁၆သင္းအဆင့္ကို ႀကိဳတင္ တက္ေရာက္ထားၿပီ ျဖစ္ပါတယ္။